ရွှေထူးကို သိန်းထောင်ကျော် တန် ကား၊ လက်ဝတ်လက်စား၊ ရွှေကွပ် ထား တဲ့ကိတ်တို့နဲ့ Surprise လုပ်ခဲ့ တဲ့ ရွှေမှုံရတီ

ရွှေထူးကို သိန်းထောင်ကျော် တန် ကား၊ လက်ဝတ်လက်စား၊ ရွှေကွပ် ထား တဲ့ကိတ်တို့နဲ့ Surprise လုပ်ခဲ့ တဲ့ ရွှေမှုံရတီ

နိုင်ငံကျော် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက်နဲ့ ချစ်လွန်းလို့ ပရိသတ်တွေက အားကျနေရတာပါ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အချစ်လမ်းခရီးလေးကအစပိုင်းမှာ အခက်အခဲတွေများစွာရှိပေမယ့် အခုချိန်မှာတော့ နှစ်ယောက်လုံးရဲ့ အချစ်ပန်းတိုင်ခရီးမှာ အပျော်ရွှင်ဆုံးဖြစ်နေရပါပြီ။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေ ကိုယ်စီလုပ်ကိုင်ရင်း သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၉) ရက်နေ့ကတော့ ရွှေထူးရဲ့ အသက်(၂၇)နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ရွှေထူးရဲ့ မွေးနေ့မှာ ဇနီးချောလေး ရွှေမှုံရတီက ကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ပွဲြ ကီးကို တိတ်တဆိတ် ကျင်းပခဲ့တာကို တွေ့ရပါတယ်။

ရွှေမှုံရတီနဲ့ ရွှေထူးက မွေးနေ့လေးကို ဟိုတယ်တစ်ခုမှာ ညစာစားရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေမှုံရတီက ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် တန်ဖိုးကြီးမွေးနေ့ လက်ဆော င်တွေကို ပေးခဲ့တာပဲ ဖြစ်ပါတယ်။


ရွှေမှုံရတီကတော့ သူမအချစ်ဆုံး ခင်ပွန်းဖြစ်သူအတွက် ပိုက်ဆံတွေ သိန်းထောင်ချီသုံးခဲ့ တာတင်မကပဲ သူမကိုယ်တိုင် အစအဆုံး သေသေချာချာလေး စီစဉ်ထားတာ တွေ့ရပါတယ်။

ရွှေထူးကတော့ အင်မတန်လိမ္မာတဲ့ ဇနီးချောလေးရဲ့ Surprise ကြောင့် အင်မတန် စိတ်လှုပ်ရှားပြီး မျက်ရည်ကျတဲ့ထိတောင် ဖြစ်ခဲ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီ တစ်ယောက်ကိုတစ်ယောက် ချစ်ပုံကတော့ အံ့သြလောက်စရာပါပဲ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံလေး နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Source: Shwe Hmone Yati’s fb
Photo: Forever,Ref&Credit:momolay.com

Comments are closed.