ဇောက်ထိုးလည်းဆိုတယ် ပက်လက်လည်းဆိုတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

ဇောက်ထိုးလည်းဆိုတယ် ပက်လက်လည်းဆိုတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ဘားအံမှာ ရှိုးဖျော်ဖြေခဲ့တုန်းက ပုံတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။ ယင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြူဖြူကျော်သိန်းကတော့ ဝေဖန်သူတွေကို ပြန်လည်တုန့်ပြန်လိုက်တာ ဖြစ်ပြီး သူ့ရှိုးပွဲကိုလည်း လာရောက်ကြည့်ကြပါလို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

“ဖြူဖြူကတော့ ဒီလိုမျိုးဖျော်ဖြေလာတာ ၁၅ နှစ်လောက်ရှိပြီ။ ဖြူဖြူကျော်သိန်း စပေါ်တဲ့အချိန်ကတည်းက လေးဖက်ထောက်ပြီးလည်းဆိုတယ်။ ပက်လက်လှန်ပြီးလည်းဆိုဖူးတယ်။ ဇောက်ထိုးလည်း ဆိုဖူးတယ်။ ဖြူဖြူရဲ့ ပွဲကို အရှင်လတ်လတ် အပြင်မှာ လာကြည့်ဖူးတဲ့ ပရိသတ်တွေ နယ်ကပဲ ဖြစ်ဖြစ် ရန်ကုန်ကပဲ ဖြစ်ဖြစ် သူတို့အတွက်တော့ မထူးဆန်းဘူးလို့ ထင်ပါတယ်။

တချို့ဆိုအရမ်းသဘောကျတယ်။ ပျော်ကြတယ်။ ဒါကြောင့် အရှင်လတ်လတ်လာကြည့်ရတဲ့ အရသာနဲ့ တခါမှ လာမကြည့်ဖူးပဲ ဖေ့ဘုတ်ပေါ်မှာပဲ ဓါတ်ပုံလေးတွေတွေ့ပြီး အံ့သြထူးဆန်းဖြစ်နေရတဲ့သူတွေ ဘဝက တော်တော်ကွာပါတယ်။ ဒီပုံလေးကို အံ့သြပြီး လှောင်ကြရယ်ကြတဲ့သူတွေဆိုတာ သူတို့ခင်ဗျာ ဖြူဖြူအရှင်လတ်လတ်အပြင်မှာ ဖျော်ဖြေတယ်ဆိုတာကို ၁၅ နှစ်လုံးလုံး သူတို့အပြင်မှာ မကြည့်ဖူးသေးလို့ အဲ့လိုဖြစ်ကြတာ။ ဖြူဖြူပွဲတွေကို အပြင်မှာ လာကြည့်ဖူးတဲ့သူတွေဆိုတာ သူတို့အတွက် အထူးဆန်းလည်း ဖြစ်မှာမဟုတ်ဘူး။

ရီစရာလှောင်စရာလည်း ဖြစ်နေမှာ မဟုတ်ဘူး။ ဒါကြောင့် ဖြူဖြူက ဖြူ့ဖြူ့ပရိသတ်တွေကို ဖိတ်တာ။ လာကြည့်ကြတဲ့သူတွေကလည်း ရီစရာလည်း မဖြစ်ဘူး။ လူအပင်ပန်းခံ ပိုက်ဆံကုန်ခံပြီး ပွဲကိုလာကြည့်တော့ အဲ့ပွဲက ရလာတဲ့ Feeling ကတော်တော်မိုက်တယ်။ ဘာနဲ့မှ မတူဘူး။ အဲ့ဒီချိန်မှာ ဖြူဖြူဘာလို့အဲ့လိုဖြစ်သွားလဲဆိုတာကို သူတို့သိတယ်။ အဲ့ပွဲမှာ အဲ့လိုဖြစ်သွားတဲ့ ရသကို ဒီပွဲထဲမှာ ကိုယ်တိုင်လာမကြည့်သရွေ့ဒီအရသာကို တသက်လုံးသိမှာ မဟုတ်ပါဘူး။ အဲ့တော့ အဲ့ခံစားချက်ကို သိဖူးချင်တယ်ဆိုရင် ကိုယ်တိုင်လာကြည့်ပါ။ အဲ့ချိန်ကျမှ သိမှာပါ။

အဲ့အချိန်မှ ဖြူဖြူကိုကြည့်နေတဲ့ ပရိသတ်တွေ ဘာကြောင့်အဲ့လောက် ပျော်နေလဲ အဲ့လောက်မြောက်နေကြလဲဆိုတာကို ကိုယ်ချင်းစာတတ်သွားပါလိမ့်မယ်။ ဖြူဖြူကိုမှ မဟုတ်ဘူး။ ကိုယ်ကြိုက်တယ် ဘယ်အနုပညာရှင်ကို မဆို Live Performance ကိုသွားပြီးတော့ ကြည့်သင့်ပါတယ်။ မကြည့်ဖူးတဲ့ ပရိသတ်တွေ အများကြီး ရှိတယ်ဆိုတာ ဖြူဖြူသိတယ်။ စတိတ်ရှိုးဆိုတာကြီးကိုအပြင်မှာ တခါမှ မကြည့်ဖူးတဲ့ ပရိသတ်တွေအတွက် ဖြူဖြူဖျော်ဖြေတာက အံ့သြစရာဖြစ်နေမှာပါ။ ပွဲလာကြည့်တဲ့သူတွေအတွက်ကတော့ လုံးဝမထူးဆန်းဘူးလို့ ထင်ပါတယ်။

ဖြူဖြူ ပေ့ခ်ျမှာ ရှိတဲ့ လူ ၁၂ သိန်းက ဖြူ့ဖြူကို အပြင်မှာ တွေ့ဖူးတာ ၁ သောင်းသာသာလေးပဲ ရှိတယ်ဆိုတာ ဟိုတလောတုန်းက စစ်တမ်းကောက်တုန်းက သိရတယ်။ မကြည့်ဖူးတဲ့ ပရိသတ်တွေအများကြီး ရှိပါတယ်။ ဖိတ်ပါတယ်။ လာကြည့်ကြပါ။ အဲ့လိုမျိုးကြည့်ရင် ဖြူဖြူနဲ့ ဖြူဖြူ ပရိသတ်တွေ ဘားအံပွဲမှာ ဘာလို့ ဖြစ်နေလဲဆိုတာကို သိကြပါလိမ့်မယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

Comments are closed.