လူပျိုပေါက်လေးလို အထာကျလွန်း တဲ့ မယ်လိုဒီရဲ့ သားချောလေး သိဒ္ဓိ စစ်

လူပျိုပေါက်လေးလို အထာကျလွန်း တဲ့ မယ်လိုဒီရဲ့ သားချောလေး သိဒ္ဓိ စစ်

မြင်လိုက်တာနဲ့ အေးချမ်းလွန်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မယ်လိုဒီကတော့ လက်ရှိမှာ ချစ်ရတဲ့ သားလေးရယ် ခင်ပွန်းရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ မယ်လိုဒီက ငယ်ငယ်လေးနဲ့ အရမ်းကိုချောပြီး စတိုင်မိုက်တဲ့ သားလေးရဲ့ အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်ကတော့ အမေနဲ့တူလို့ အရမ်းကို ချောပြီး အိုက်တင်ကောင်းသူလေးမို့ ပရိသတ်တွေက အရမ်းချစ်ကြတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဒီနေ့ခေတ် မင်းသားချောတွေတောင် ရုံှးလောက်အောင် စတိုင်လ်မိုက်တဲ့ မယ်လိုဒီရဲ့ သားချောလေး သိဒ္ဓိစစ်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။။

မယ်လိုဒီကတော့ “SUPER SUNDAY LUNCH DATE WITH MOM & DAD” ဆိုပြီး မိသားစုသုံးယောက် Sunday Date ကြရင်း ဓာတ်ဖမ်းခဲ့တဲ့ သားလေးရဲ့ပုံရိပ်တွေကို ဝေ မျှ ပေးထားတာပါ။

မယ်လိုဒီရဲ့ သားချောလေး သိဒ္ဓိစစ်ကတော့ အမေဖြစ်သူရဲ့ ဆုံးမသွန်သင်မှုကြောင့် ငယ်ငယ်လေးနဲ့ ဘာသာတရား အရမ်းကိုင်းရိုှင်းတဲ့ သားလေးဖြစ်နေတာပါနော်။

မေမေရော သားလေးပါ ချောလိုက်တာကွယ်…။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ မယ်လိုဒီကတော့ လတ်တလောမှာ သားလေးကို ထိန်းရင်းအနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ငယ်ငယ်လေးနဲ့ အရမ်းစတိုင်လ်မိုက်တဲ့ မယ်လိုဒီရဲ့သားချောလေး သိဒ္ဓိစစ်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Melody Myo’s Facebook,Ref&Crd:http://www.momolay.com/

Comments are closed.