နာမည်ကြီးအဆိုတော်ပေမယ့် မိန်းမရဲ့ကားပဲ စီးခဲ့ရတဲ့ သူ့ကို မျက်နှာမငယ်စေတဲ့ ချစ်ဇနီးအကြောင်း ပြောလာတဲ့ ရွှေထူး

နာမည်ကြီးအဆိုတော်ပေမယ့် မိန်းမရဲ့ကားပဲ စီးခဲ့ရတဲ့ သူ့ကို မျက်နှာမငယ်စေတဲ့ ချစ်ဇနီးအကြောင်း ပြောလာတဲ့ ရွှေထူး

ကြင်နာတတ်လွန်းတဲ့ ကြည်နူးဖွယ် အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်တွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ ရွှေမှုံလေးက ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အတွက် သိန်း ၁၅၀၀ တန်ဖိုးရှိတဲ့ ကားကြီးရယ် တခြားတန်ဖိုးရှိတဲ့ လက်ဆောင်ေ တွကို Surprise လုပ်ပေးခဲ့တာကြောင့် ရွှေထူးတစ်ယောက် မျက်ရည်ကျခဲ့ရတဲ့ အထိ ကြည်နူးပီတိဖြစ်ခဲ့ရတာပါ။ ဒီနေ့လေးမှာတော့ ရွှေထူးက သူလိုချင်တာတွေကို တစ်ခုချင်းစီ သေချာမှတ်ထားပြီး ဖြည့်ဆည်းပေးတတ်တဲ့ ဇနီးကို ဘယ်လောက်ထိ ချစ်ရကြောင်း ထုတ်ပြောလာတာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သူလိုချင်တာတွေ အကုန်မှတ်ထားပြီး ပါရမီဖြည့်ပေးတတ်တဲ့ ဇနီးလေးအကြောင်း ရင်ဖွင့်လာတဲ့ ရွှေထူးရဲ့အြေ ကာင် းကို ဖော်ပြပေးလိုက်ပါတယ်။


သိပ်မကြာအလုပ်တွေ ၂ ယောက်လုံးဆက်တိုက်အဆင်ပြေ ကျွန်တော်အရမ်းလိုအပ်တဲ့ ကားလေးကို သူဖြည့်ဆည်းပေးတယ်… တစ်ခုသိထားကြဖို့က ဒါက လူတွေမြင်ကြတဲ့ ကျွန်တော် တို့အချစ်ပါ… လူတွေမမြင်တဲ့ ချစ်ခြင်းဆိုတာက အိမ်ထောင်ကျဖူးတဲ့လူတိုင်း သိြ ကမှာပါ… လူလောကကြီးကတိုတိုလေးပါ ကိုယ့်ဘေးနားအရိပ်လိုရှိပေးနိုင်မယ့်လူကို တစ် ဘဝလုံးပုံပြီး တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေလဲချစ်ပစ်လိုက်စမ်းပါ… ကိုယ့်ကိုချစ်ေ နဖို့လိုတယ်…ကိုယ်ကလည်းချစ်နေဖို့လိုတယ်…လူတိုင်းမှာအချစ်နဲ့ ပက်သက်ပြီး ခံယူချက် ကိုယ်စီရှိပေမယ့်…ကျွန်တော်ကတော့ အချစ်ကိုကိုးကွယ်တယ်…ကျေးဇူးတင်ပါတယ်…” ဆိုပြီး ပါရမီဖြည့်ဘက်ကောင်း ပီသတဲ့ ဇနီးကို ဘယ်လောက်ထိချစ်ကြောင်း အချစ်စာစောင် လေး ရေး သား ခဲ့တာပါ။


Myint Myat
Source:Htoo Khant’s Facebook, Ref&Credit:momolay.com

Comments are closed.