အဖမ်းခံရတယ်ဆိုတဲ့ သတင်းကြောင့် အားယားပြီး ဖောင်းထုနေတဲ့ သူတွေ ကို သိလိုက်ရတယ် ဆိုတဲ့ အိမ်စည်

အဖမ်းခံရတယ်ဆိုတဲ့ သတင်းကြောင့် အားယားပြီး ဖောင်းထုနေတဲ့ သူတွေ ကို သိလိုက်ရတယ် ဆိုတဲ့ အိမ်စည်

အလှမယ်ပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင်ခဲ့ရာကနေ အနုပညာလောကထဲကို ရောက်ရှိလာခဲ့တဲ့ အလှ မယ် သရုပ်ဆောင် ရွှေအိမ်စည်ဟာ မကြာသေးခင် ရက်ပိုင်းက ဆေးမှုနဲ့ အဖမ်းခံရတယ်ဆိုတဲ့ သီတင်းတွေထွက်ပေးလာခဲ့ပြီး အဲ့သီတင်းတွေက အစစ်အမှန်မဟုတ်ဘူးဆိုတဲ့အကြောင်းနဲ့ သူရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်းကို ပြောပြလာခဲ့ပါတယ်။ သူ့ရဲ့ရိုက်ကွင်းပေါ်က ပုံမှန်းသိသိရက်နဲ့ ပြောဆိုကြတဲ့ သူတွေကိုလဲ ပညာသားပါပါ နှိပ်ကွက်လိုက်ပါတယ်။

အိမ်စည်ပြောခဲ့တာကတော့ “ အဖမ်းမခံရပါဘူး လတ်လတ်ဆက်ဆက်ပြီးရှိနေပါသေးတယ် ။ အိမ်စည်ကားရိုက်ကား ရိုက်ကနေ ပြီး မူးယစ်ဆေးနဲ့ အဖမ်းခံရတဲ့ Sense တစ်ခုရိုက်လိုက် တယ် အဲ့လိုပေါ့နော်ကားရိုက်နေ ရင်းပုံတစ်ပုံတင်လိုက်တယ်။ တင်လိုက်တဲ့ အခါမှာ ပုံကြီးဘဲ မဟုတ်ဘဲ ရိုက်ကူးတဲ့ ရိုက်ကွင်းပေါ်မှာဆိုတဲ့ စာမျိုးပါတယ်။ဒါပေမယ့်တခြားပေ့ချ်တွေကေ ဟာသအနေနဲ့သော်လည်းကောင်း အတည်အနေနဲ့သော်လည်းကောင်း Toll ပြီး တင်လိုက်ေ တာ့ ပရိသတ်တွေကထင်သွားတာ အဲ့လောက်ပါဘဲ”

အိမ်စည့်ကိုလန့်အောင်လုပ်နိုင်တာဆိုလို့ ဘာမှရှိဘူး ။ဒါကြီးက အရမ်းအရေးပါတဲ့ အရာမေ ရာက်နေတဲ့ အရာတစ်ခုလေ။ ဒါပေမယ့် လူတွေရဲ့ ဉာဏ်တိမ်မှုကိုတော့ အိမ်စည်အဲ့မှာ သိလိုက်ရတယ်။ ဘာလို့လဲ ဆိုတော့ တစ်ချို့ကလဲ တကယ်မသိတာပေါ့နော်။ တစ်ချို့က ကြတော့လဲ သက်သက်မဲ့ မသိတဲ့သူကိုမပြောပါဘူး။ သိသိရက်နဲ့ အဲ့လိုပြောတာကြတော့ ဘယ်လောက်တောင် အားယားနေပြီး ဖောင်းထုချင်နေလဲဆိုတာ သိလိုက်ရတာပေါ့”


“ရုပ်ရှင်တွေကတော့ ရိုက်ကတော့ရိုက်နေပြီ ဒါပေမယိ့ အိမ်စည်ကအရမ်းစီစစ်တယ် ။ လာကမ်း လှမ်းသမျှလုပ် နေရင်လဲ အောသွားမယ်လေ အဲ့အတွက်ကြောင့် နည်းနည်းစီစစ်နေတယ် ကိုယ့် အတွက်လမ်းကြောင်း အစပိုင်းမှာက စီစစ်ဖို့လို တယ်လို့ ထင်တယ် လာသမျှလက်ခံနေ ရင်မ လိုချင်တဲ့ လမ်းကြောင်းပေါ်ရောက်သွားရင် ပြင်လို့မရတော့ဘူးလေ အာ့ကြောင့် အိမ်စည်က အရေးကြီးတယ်လို့ထင်တယ်”

စိတ်ဝင်စားစရာကောင်းတဲ့ ပရောဂျက်တစ်ခုကို စတင်လုပ်ကိုင်သွားဖို့ရှိတယ်။ နောက်နှစ်ထဲ မှာပေါ့ ။ အနားနီးရင်တော့ပြောပါမယ်၊ ဒီနှစ်ထဲမှာထဲက စဖြစ်မလားကတော့မသိသေး ဘူး အြေ ခအနေပေါ်မူတည်ပါတယ်။ စောင့်မျှော်ကြပါအုံးလို့ပြောချင်ပါတယ်” ဆိုကာ အသေးစိတ် ပြည့်ပြည့်စုံကို ပြောပြခဲ့ပါတယ်။


May Phyo(mml)
Source – momolat tv, Ref& Credit:momolay.com

Comments are closed.