ရဲတိုက်ကို နှမျောလွန်းလို့ လိမ္မာပါလို့ ပြောလာတဲ့ ဟန်နီထွန်း

ရဲတိုက်ကို နှမျောလွန်းလို့ လိမ္မာပါလို့ ပြောလာတဲ့ ဟန်နီထွန်း

အနုပညာလောကမှာ ညှို့အားပြင်းတဲ့ မျက်ဝန်းပိုင်ရှင်အဖြစ် ပရိသတ်တွေကြားမှာ ခေတ်စား ခဲ့တဲ့ သရုပ်ဆောင်ရဲတိုက် ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၊သာသနာညှိုးနွမ်းစေမှုတို့နဲ့ တောင်ငူ အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံခဲ့ရပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့မှာတော့ ထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။ သူဟာ အဲ့ဒီနောက် ပိုင်း အနုပညာတွေ ဆက်တိုက်လုပ်တောင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလဲ တစ်ခဲနက်ြ ပန်လည်ရ ရှိခဲ့ပါတယ်။

သူဟာ အနုပညာ အလုပ်တွေကိုကြိုးစားနေကိုင်နေရင်း သူ့ရဲ့ ရုပ်ရှင်ကားကြီးဖြစ်တဲ့ ဒဏ္ဏာရီမိုး ရုပ်ရှင်ဇာတ်ကားဟာလဲ အရမ်းကိုအောင်မြင်ခဲ့ပြီး သူ့ကိုအားပေးတဲ့ ပရိသတ်တွေနဲ့ ပြည့်နက်လို့နေပါတယ်။ အဲ့ဒီနောက်သူပါဝင်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးတွေလဲ ရှိနေပြီ တစ်ချို့ပြောဆိုပြီးသား ရုပ်ရှင်ကားတစ်ခုကလဲ မရိုက်ကူးတော့ဘူးဆိုတဲ့ သတင်းတွေလဲ ထွက်လာခဲ့ပါတယ်။

အဲ့ဒီကောလဟာလသတင်းတွေကိုကြားသိနေရတဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဟန်နီထွန်း က ရဲတိုက်ကို ဆုံးမစကားဆိုခဲ့ပါတယ်။ သူမပြောပြခဲ့တာကတော့” ရဲတိုက်ရယ် လိမ္မာစမ်းပါ ငါနင့်ကိုနှမြောလွန်းလို့ပါ အိုက်တင်တကယ်ကောင်းတဲ့မင်းသား.. ! ” လို့ဆိုကာ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ရဲတိုက်အတွက် ခွန်အားဖြစ်စေမယ့် စကားလေးတွေနဲ့ အားပေးစကားပြောပေးခဲ့ကြပါဦးနော်။

May Phyo(mml)
Source – Honey tun, Ref&Crd:momolay.com

Comments are closed.