
နောက်ဆုံးပေါ် i phone အသစ်ကြီးနဲ့ ခင်ပွန်းကို Surprise လုပ်ခဲ့တဲ့ ခင်စံပယ်ဦး
ဝါရင့်သရုပ်ဆောင်တစ်ဦးအနေနဲ့ အနုပညာအလုပ်ကို ရူးသွပ်စွာ ကြိုးစားခဲ့တာမို့ အောင်မြင်မှုတွေ ရရှိနေတဲ့ အကယ်ဒမီလူမင်းကတော့ ချစ်ရတဲ့ဇနီးနဲ့ သားသမီးတွေအပေါ်မှာလည်း တာဝန်ကျေပြွန်တဲ့ ဖခင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်ပါ။ လတ်တလောမှာတော့ လူမင်းက ဇနီးချောလေး ခင်စံပယ်ဦးရဲ့ ကြီးမားတဲ့ Surprise တစ်ခုအကြောင်း ကြည်နူးစွာ ထုတ်ပြောလာတာ တွေ့ရပါတယ်။ ခင်ပွန်းကို အရမ်းကို ချစ်တတ်လွန်းတဲ့ ခင်စံပယ်ဦးက တော့ နောက်ဆုံးပေါ် i phone အသစ်ကြီးနဲ့ ခင်ပွန်းရဲ့အောင်မြင်မှုအတွက် Surprise လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ခင်ပွန်းရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူတဲ့အနေနဲ့ i phone လက်ဆောင်ပေးခဲ့တဲ့ ခင်စံပယ်ဦးရဲ့ အကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်နော်။

လူမင်းကတော့ “ငါ့ဘဝဟာ ညစ်တွန်း တော့ မဟုတ်ပါလေ. . . ( ငယ်မူလေးပြန်လိုက်ရရ င်ဖြင့်. . . )ချစ်သူက ဒီလို စပရိုက်တိုက်တော့. . . ကိုကို့ ဘဝ ဟာ . . . ချစ်တွန်း ဖြစ်လေ သတည်း ပေါ့ . . . Love you more than i can say.” ဆိုပြီး ချစ်ဇနီးရဲ့ Surprise ကြောင့် အရမ်းကြည်နူးရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

အရမ်းချစ်တတ်တဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ လူမင်းကတော့ အရမ်းကို ကံကောင်းလွန်းပါတယ်နော်…။

တစ်ဦးနဲ့တစ်ဦးနားလည်မှုအပြည့်ရှိတဲ့ လူမင်းတို့ဇနီးမောင်နှံကတော့ အိမ်ထောင်သက်တွေ ဘယ်လောက်ကြာကြာ ချစ်ခြင်းတရားတွေ ပိုပိုတိုးပြီး ပြီးပြည့်စုံတဲ့ မိသားစုကို ဖန်တီးထား ကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း လူငယ်တွေ လက်ဖျားခါရလောက်အောင် Romantic ဆန်လွန်းတဲ့ လူမင်းတို့ ဇနီးမောင်နှံကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:Ayarwady Lumin’s Facebook, Ref&Credit:momolay.com