အချေကြောင်လေးနဲ့တွေ့တုန်း ကြောင်စကားပြောပြီး ချော့ခဲ့တယ်ဆိုတဲ့ ဖွေးဖွေးရဲ့ဗီဒီယို

အချေကြောင်လေးနဲ့တွေ့တုန်း ကြောင်စကားပြောပြီး ချော့ခဲ့တယ်ဆိုတဲ့ ဖွေးဖွေးရဲ့ဗီဒီယို

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာ သက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလဲ သူမချစ်တဲ့ အနုပညာ လုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

ဖွေးဖွေးက မကြာခင်မှာ ဒေါင်း၊ မိုးဟေကိုတို့နဲ့အတူ ရိုက်ကူးမယ့် “Love Equations” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက “Love Equations” ရုပ်ရှင်ဇာတ်ကားအတွက်ညအင်္ကျီ fitting သွားချရင်း လုပ်ဖော်ကိုင်ဖက် ကြောင်လေးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဖွေးဖွေးက “”Arthur ချေ “….🖤❣ဖွေး အရိုး Operation ပြီးတော့ March 10th ကစပြီး ရုပ်ရှင်ရိုက်၆လကျော်နားထားတာ။ ခုပြန်ကောင်းလာလို့ ပထမဆုံး ပြန်ရိုက်ဖြစ်မယ့် “Love Equation ” ရုပ်ရှင်အတွက် Wardrobe fitting သွားရင်း ကိုယ်ရဲ့ one of the work partner ကြောင်လေးကိုတွေ့တုန်း မနဲရိုက်ရတယ်။ ကြောင်လိုလဲ တတ်သလောက်မှတ် သလောက် ပြောချော့ရသေးတယ် ..meow meow.. 🐱” ဆိုပြီး ပြောထားပါသေးတယ်။

ကြောင်လိုလေး မတောက်တခေါက်ပြောထားတာတဲ့ 🤣😍🐱

ဖွေးဖွေးကတော့ သူမကိုယိတိုင်လည်း အိမ် မှာ ခွေးတွေ၊ ယုန်တွေကို မွေးထားတာဖြစ်ပြီး တိရစ္ဆာန်လေးတွေကိုတွေ့ရင် မနေနိုင်အောင် အသည်းယားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ဖွေးဖွေးရဲ့ ကြောင်စကားပြောနေတဲ့ ဖွေးဖွေးရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: Phway Phway’s fb, Ref&Credit:momolay.com

Comments are closed.