အရက်ဖြတ်ဖို့ကြိုးစားနေပေမယ့်လည်း မပြတ်တဲ့ အကြောင်း ဗီဒီယိုရိုက်ပီး ပြသလာတဲ့ မိုးအောင်ရင်

ပရိသတ်ကြီးရေ သရုပ်ဆောင် မိုးအောင်ရင်ကတော့ လက်ရှိမှာ အနုပညာ လှုပ်ရှားမှုတွေ မရှိသေးတာကြောင့် Gym နေ့တိုင်း ဆော့ကစား လျက် ရှိနေပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ဆိုရှယ်မီဒီယာများမှ တစ်ဆင့် တင်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခွီဟာသဗီဒီယို တွေ ကိုလည်း ရိုက်ကူးတတ်လာပါတယ်။

မကြာသေးခင်က မိုးအောင်ရင်ရဲ့ Tik tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထား တာ ဖြစ်ပါတယ်။ ဒါကတော့ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း အရက်ဖြတ်ဖို့ ကြိုးစားနေပေမယ့် အဆင်မပြေဖြစ်ခဲ့ပုံကို ဗီဒီယိုဖိုင်နှင့်တကွ ပြသလိုက်တာ ဖြစ်ပါတယ်။ မိုးအောင်ရင်ကတော့ အရက်တွေကို ကတ်ကြေးဖြင့် မရ ရအောင် ဖြတ်နေတာ ဖြစ်ပါတယ်။

ဒီဗီဒီယိုလေးကိုတော့ မိုးအောင်ရင်ရဲ့ ကောင်မလေးမှ ရိုက်ပေးထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးအောင်ရင်ရဲ့ အရက်ဖြတ် နည်းကို ကြည့်ရှုအားပေးလို့ ရနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit:mdatenews

Advertisement

[zawgyi]

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကေတာ့ လက္ရွိမွာ အႏုပညာ လႈပ္ရွားမႈေတြ မရွိေသးတာေၾကာင့္ Gym ေန႔တိုင္း ေဆာ့ကစား လ်က္ ရွိေနပါတယ္။ သူ႔ရဲ႕ လႈပ္ရွားမႈေတြကိုလည္း ဆိုရွယ္မီဒီယာမ်ားမွ တစ္ဆင့္ တင္ေပးေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အခြီဟာသဗီဒီယို ေတြ ကိုလည္း ႐ိုက္ကူးတတ္လာပါတယ္။

မၾကာေသးခင္က မိုးေအာင္ရင္ရဲ႕ Tik tok အေကာင့္တြင္ ဗီဒီယိုေလးတစ္ခု တင္ထား တာ ျဖစ္ပါတယ္။ ဒါကေတာ့ဆရာဝန္ ၫႊန္ၾကားတဲ့ အတိုင္း အရက္ျဖတ္ဖို႔ ႀကိဳးစားေနေပမယ့္ အဆင္မေျပျဖစ္ခဲ့ပုံကို ဗီဒီယိုဖိုင္ႏွင့္တကြ ျပသလိုက္တာ ျဖစ္ပါတယ္။ မိုးေအာင္ရင္ကေတာ့ အရက္ေတြကို ကတ္ေၾကးျဖင့္ မရ ရေအာင္ ျဖတ္ေနတာ ျဖစ္ပါတယ္။

ဒီဗီဒီယိုေလးကိုေတာ့ မိုးေအာင္ရင္ရဲ႕ ေကာင္မေလးမွ ႐ိုက္ေပးထားတာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း မိုးေအာင္ရင္ရဲ႕ အရက္ျဖတ္ နည္းကို ၾကည့္ရႈအားေပးလို႔ ရႏိုင္ေအာင္ ဒီဗီဒီယိုဖိုင္ေလးကို တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*