ချစ်တတ်လွန်းကြတဲ့ အမနဲ့ ခဲအိုကို ကြည့်ပြီး အပျိုကြီးလုပ်မယ့်စိတ် ခဏပျောက်သွားတယ်ဆိုတဲ့ ငွေမှုံ ရတီ

ချစ်တတ်လွန်းကြတဲ့ အမနဲ့ ခဲအိုကို ကြည့်ပြီး အပျိုကြီးလုပ်မယ့်စိတ် ခဏပျောက်သွားတယ်ဆိုတဲ့ ငွေမှုံ ရတီ

ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ ညီအမတွေကတော့ သာမန် ညီအမတွေထက် တစ်ဦးကိုတစ်ဦး အရမ်းချစ်ပြီး အကောင်းဆုံး ပံ့ပိုးတတ်တဲ့ ချစ်စရာ ညီအမနှစ်ဦးပဲ ဖြစ်ပါတယ်။ အမလုပ်သမျှ ကို အမြဲထောက်ခံတဲ့ ငွေမှုံလေးကတော့ လတ်တလောမှာလည်း ခင်ပွန်းဖြစ်သူကို Surprise အကြီးကြီးလုပ်ပေးတဲ့ အစ်မဖြစ်သူအပေါ် သူမရဲ့အမြင်ကိုထုတ်ပြောလာတာလည်း တွေ့ရပါ တယ်။ ငွေမှုံလေးကတော့ အချစ်စစ်ရဲ့ ပျော်ရွှင်မှုတွေကို ရှာဖွေတွေ့ရှိထားတဲ့ အမနဲ့ ခဲအိုကို ကြည့်ပြီး နှစ်ယောက်လုံး အရမ်းကံကောင်းတဲ့အကြောင်းကိုလည်း ပြောထားပါသေး တယ်ေ နာ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အမဖြစ်သူတို့ ဇနီးမောင်နှံကိုကြည့်ပြီး အရမ်းတွေ သဘောကျနေတဲ့ ငွေမှုံလေးရဲ့အကြောင်းကို ဖော်ပြပေး လိုက် ပါတယ်နော်။

ငွေမှုံရတီကတော့ “အွင်းးးးး သူတို့ကိုကြည့်ပြီးအပျိုကြီးလုပ်မဲ့ကိုယ်တော င်ယောကျာ်း ယူချင် စိတ် 10 sec လောက်ပေါက်သွားတယ် ငါ့အမကံကောင်းတယ် ငါ့အကိုရောပဲ💖💖💕💕 Shwe Mhone Yati 💖 Htoo Khant” ဆိုပြီး အချစ်ရေးကံကောင်းတဲ့ အမနဲ့ ခဲအိုတို့ကို အားကျတဲ့ အကြောင်း ချစ်စရာကောင်းအောင် ရေးသားထားတာပါ။ သရုပ်ဆောင် အလုပ်တွေလည်း လုပ်ေ နပြီဖြစ်တဲ့ ငွေမှုံရတီလေးကတော့ အခုအချိန်အထိ အချစ်ရေးမှာ တစ်ယောက် တည်း ပဲလို့လည်း သိရပါတယ်။


Myint Myat
Source;Ngwe Hmone Yati’s Facebook, Ref & Credit:momolay.com

Comments are closed.