ပုခုံးလေးတွေတွန့်ပြီး Coca Cola Dance ကပြခဲ့တဲ့ ဝေလာရီနဲ့ ရှင်မွေလ

ပုခုံးလေးတွေတွန့်ပြီး Coca Cola Dance ကပြခဲ့တဲ့ ဝေလာရီနဲ့ ရှင်မွေလ

ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်လွှင့်ပြသပြီးခဲ့တဲ့ “နှင်းဆီဇာတ်လမ်းတွဲက ဇာတ်သိမ်းပိုင်းအထိ ပရိသတ်တွေကို စွဲဆောင်ထားနိုင်တာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ကလည်း တောင့်တင်း ခိုင်မာ သလို ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကလည်း အကောင်းဆုံး ကြိုးစားကြတာကို တွေ့ရပါ တယ်။ ဇော်နဲ့မော်အဖြစ် သရုပ်ဆောင်တဲ့ ရှင်မွေလနဲ့ ဝေလာရီတို့ကလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ရှင်မွေလနဲ့ ဝေလာရီက နောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ် ကိုင် လာတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာလည်း ရှင်မွေလနဲ့ ဝေလာရီက ရှုတင်မှာ ဓာတ်ပုံရိုက်ကြရင်း ကိုကာကိုလာ Dance ဆိုပြီး ပုခုံးလေးတွေတွန့်ပြီး ကပြခဲ့ကြပါတယ်။

Coca Cola Dane တဲ့ 🤣😍

အေပၚေအာက္ လႈပ္ကၾကမယ္တဲ့ 🤣

ရှင်မွေလနဲ့ ဝေလာရီက “နှင်းဆီ” ဇာတ်လမ်းတွဲထဲမှာသာမက အပြင်မှာလည်း ပေါက်ပေါက်ရှာရှာ လုပ်တဲ့ နှစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ရှင်မွေလနဲ့ ဝေလာရီရဲ့ အကဗီဒီယိုလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Shin Mwe La’s fb, REf&Credit:momolay.com

Comments are closed.