ကျောင်းတုန်းက မျက်နှာပြောင် လွန်း လို့ ဒဏ်ပေးခံရဖူးတယ် ဆိုတဲ့ ရတ နာ မိုင်

ကျောင်းတုန်းက မျက်နှာပြောင် လွန်း လို့ ဒဏ်ပေးခံရဖူးတယ် ဆိုတဲ့ ရတ နာ မိုင်


သူပြောပြခဲ့တာကတော့ “ ရုပ်တည်နဲ့နောက်တက်တဲ့ အကျင့်ရှိတယ် ၊ ကျောင်းတုန်းကဆိုရင် သူငယ်ချင်းတွေရဲ့ပုံစံတူတွေ လုပ်ပြတယ် ဆရာမတွေရဲ့ ပုံစံတူတွေလုပ်ပြတယ်။ ဆရာမ တွေမလာသေးခင်လေးကို အတန်းရှေ့ထွက်ပြီး သူငယ်ချင်းတွေတဝါးဝါးနဲ့ ရယ်ကြတယ်။ အဲ့လိုမျိုးပေါ့ ဟာသတွေလုပ်ပြဖြစ်တယ်။ ငယ်ငယ်လေးထဲက အကျင့်လေးပေါ့နော်။ အရမ်းမျက်ခွက်ပြောင်တဲ့ သူငယ်ချင်းမျိုးပေါ့၊ ကိုယ်မလာရင် သူတို့ပျင်းနေကြတယ် အဲ့လိုမျိုး”

“ ကျောင်းတုန်းက ဒဏ်ပေးခံရဖူးတယ် ခုံပေးတက်ပြီး လက်မြှောက်ထားဆိုပြီး ဒဏ်ပေးခံရဖူး တယ်။ ၈တန်းနှစ်က တီချယ်က သူ့ပုံစံမျိုးလုပ်ပြလို့ ဆိုပြီး ရတနာမိုင်ခုံပေါ်တက် မတ်တပ်ရပ် လက်မြှောက်ဆိုပြီး ဒဏ်ပေးခံရဖူးတယ်။ အဲ့လောက်ထိ မျက်ခွက်ပြောင်ခဲ့တာပါ” လို့ ဆိုပြီး ပြောပြခဲ့ပါတယ်။

ရတနာမိုင်ဟာ သူမရဲ့ သီချင်းလေးတွေ တစ်ပုဒ်ချင်းစီ ထွက်ရှိလာနိုင်ပြီး နောက်ပိုင်း မှာ မေမေ မိုင် နဲ့ အတူ မိုင်ရဲ့သီချင်းတွေကိုဘဲ ပြန်လည်သီဆိုထားတဲ့ အခွေထွက်လာဖို့ ရှိတယ်လို့ လဲ သူက ပြောပါတယ်။ သူငယ် ငယ်စဉ် ၆တန်းကျောင်းသူဘဝထဲက မေမေ့သီချင်းတွေ နားထောင် ပြီး ကြီးလာရင် ပြန်ဆိုမယ်ဆိုပြီး သီချင်းတွေရွေးထားဖူး တယ်လို့ပြောပြခဲ့ပါတယ်။ မျက်နှာခွဲစိတ်ပြုပြင်ပြီး အပြောင်းလဲကြီးပြောင်းလဲသွားကြတဲ့ အနုပညာရှင်များ

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(mml)
Source – momolay tv, Ref& Credit:momolay.com

Comments are closed.