ကိုယ့်ရည်းစားဘယ်သူလဲဆိုတာနဲ့ စပြီးပရိသတ်ရှေ့ကို ရောက်ခဲ့တဲ့ မိန်းကလေး ပါဆိုတဲ့ နေခြည်ဦး

ကိုယ့်ရည်းစားဘယ်သူလဲဆိုတာနဲ့ စပြီးပရိသတ်ရှေ့ကို ရောက်ခဲ့တဲ့ မိန်းကလေး ပါဆိုတဲ့ နေခြည်ဦး

နိုင်ငံကျော် မင်းသားတစ်ယောက်ရဲ့ချစ်သူအဖြစ်နဲ့ ပရိသတ်တွေရဲ့ ကြားထဲကို ရောက်ရှိလာ ခဲ့ပြီး သူမက အဲ့ဒီအချိန်က Beauty Blogger မလေးအဖြစ် ချစ်ခင်ဝန်းရံသူတွေ များပြားခဲ့ ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူတို့ရဲ့အချစ်ရေးက ပြီးဆုံးခဲ့ကြပြီ ဖြစ်ပြီး နေခြည်ဦးကတော့ အဲ့ဒီအချိန်ကစတင်ကာ ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်း ကို အတိုင်ထက်အလွန် ရရှိခဲ့တဲ့ သူတစ်ယောက်ပါ။ သူမက အဲ့ဒီနောက်ပိုင်း ကြော်ငြာလေးတွေ စတင်ရိုက်ကူးလာခဲ့ကာ သူမရဲ့ ပွင့်လင်းပြီး စကားအပြောအဆို သိပ်အဆင်မပြေတဲ့ အချိန်မှာ ပရိသတ်နဲ့ နားလည်မှု လွဲခဲ့တာတွေ ရက်ရက်စက်စက်ဝေဖန်ခံရတာတွေ ရှိပေမယ့် သူမက အားမလျှော့ဘဲ ဆက် လက်ေ လျှာက်လှမ်းခဲ့တာကြောင့် ယခုအချိန်မှာတော့ အရမ်းကိုအောင်မြင်ခဲ့တဲ့ အနုပညာ ရှင်တစ်ယောက် ဖြစ်ခဲ့ပါပြီ။

အဲ့ဒီလို အချိန်အတိုလေးအတွင် ဘာကြောင့်အောင်မြင်ခဲ့ရလဲ ဆိုတဲ့ မေးခွန်းကို သူမက “ နေခြည် ကတော့ ဒီအလုပ်လုပ်တာလေ အောင်မြင်အောင် အထွဋ်အထိပ်ရောက်အောင် နံပါတ်(၁)ဖြစ်အောင်ဆိုတဲ့ စိတ်နဲ့ လုပ်တာမဟုတ်ဘူး ၊နေခြည်စလုပ်ထဲက စိတ်က ကိုယ့်ရဲ့ Life Style ကို ချပြရတာ အရမ်းဝါသနာပါတယ်။ စပြီးတက်ကထဲက ကိုယ့်ရည်းစား ဘယ်သူ လဲ ဆိုတာနဲ့ စပြီး သိခဲ့တဲ့ မိန်းကလေးတစ်ယောက် ဆိုတော့ နောက်ပိုင်းမှာဆိုစိတ်ထဲမှာ ငါပြောလိုက်ရင်ငါ့ကိုပရိသတ်ကတစ်မျိုးထင်သွားမလား ၊ငါခရီးတွေသွားပြရင် တမျိုးဖြစ် သွားမ လား ဆိုပြီး စိတ်ထဲက မရှိဘူးပေါ့နော်”

“နေခြည်ကိုချစ်တယ် အားပေးတယ်ဆိုရင် ပရိသတ်ကဒါကို နားလည်မှာဘဲပေါ့ follower တွေ fanတွေအရမ်းချစ် ကြတယ်၊ သဲသဲလှုပ်ဖြစ်လာတဲ့ အခါမှာ နေခြည့်ကို Brand တွေကအများကြီးကပ်လာတယ် သဲသဲလှုပ်ဖြစ်လာတဲ့ အချိန်မှာ ကြော်ငြာရိုက်ချင်တယ် စပွန်ဆာတွေပေးချင်တယ်ဆိုတဲ့ အချိန်မှာ ပိုပြီးတော့ အောင်မြင်မှုတစ်ခု အနေနဲ့ ရလာတယ်လို့ နေခြည်ထင်တယ်”

“ ဒါတွေမရှိလဲ နေခြည်ကချပြနေမှာဘဲ ယောကျာ်းရလို့ ကလေးမွေးရင်လဲ အဲ့ကလေးလေးကို ချပြမယ် ဘယ်မှာမွေးတယ် ဘယ်လိုမွေးတယ် ဘယ်ဆေးရုံရွေးတယ် ဒီလိုဘဲ နေခြည့်မှာ ချပြဖို့ အများကြီးရှိတယ်။ အသက်၄၀အရွယ်ရောက်လဲချပြနေမှာဘဲ နေခြည်က တစ်သက်လုံးမှာ ကိုယ့် Life Style ကိုယ်ချပြဖို့ ရှိတာကြောင့် ဒီအောင်မြင်မှုက လိုက်လာသည်ဖြစ်စေ မလိုက် လာသည်ဖြစ်စေ နေခြည့်ရဲ့ content တွေက regular ဖြစ်နေရမယ်။ ဒါပေမယ့်လဲ ယခု ကတော့ ပရိသတ်များလာတဲ့အခါမှာ နေခြည်အောင်မြင်မှုကို ရလာတယ်လို့ နေခြည် ထင် တယ်” လို့ ဆိုကာ အသေးစိတ်ပြောပြလာခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(mml)
Source – momolay tv, Ref&Credit:momolay.com

Comments are closed.