

ပရိသတ်တွေကြားမှာ အရမ်းကိုဟော့ဖြစ်ခဲ့တဲ့ သတင်းတစ်ခုနဲ့ ပတ်သက်ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အေးဝတ်ရည်သောင်းက သူမပြုလုပ်ခဲ့တဲ့ ကိစ္စတခုရဲ့ အကြောင်း အရာကိုပြောပြလာပါတယ်။ သူမ က G- Fattနဲ့ အတူ တွဲဖက်ရိုက်ကူးထားတဲ့ ပုံလေးကို တင်ပြီး အသည်းကွဲသီချင်းတွေ နားထောင်ချင်တယ်ဆိုတဲ့ စာသားရေးသား ခဲ့တာဟာ သူငယ်ချင်း အချင်းချင်း စနောက်တာဖြစ်တယ်လို့ ပြောပြလာခဲ့ပါတယ်။

သူမက “ G fatt နဲ့ တွဲပြီး ပို့စ်တင်ဖြစ်တာကတော့ သူငယ်ချင်းအချင်းချင်း စလိုက်တာပါ။ စလိုက်တယ်ဆိုတာက သူအသည်းကွဲတယ်လို့ ပြောတယ် ။ သူအသဲကွဲသီချင်းတွေလုပ်တာ ဆိုတော့ မကြာခင်မှာနားထောင်ချင်ပြီဆိုပြီး သူငယ်ချင်း အချင်းချင်းနောက်လိုက်တာပေါ့။ Samsung မှာလဲ အတူူတူဘဲ ဆိုတော့ နောက်ပြီး Samsung team workshop တွေမှာလဲ တွေ့နေတာဆိုတော့ ကိုယ့်မောင်လေးလိုဘဲဆိုတော့ ဒီတိုင်းဘဲနောက်လိုက်တာပါ” ဆိုပြီး ဖြေကြားခဲ့ပါတယ်


May Phyo(mml)
Source – momolay tv,Ref&Crd:momolay.com

Comments are closed.