အောက်ပိုင်းသေနေပေမယ့် သူမဇာတ်လမ်းတွဲလေးတွေကို အိမ်ကနေ အားပေးနေရှာတဲ့ ညီမလေးအကြောင်းပြောပြလာတဲ့ မြတ်သူသူဇင်

အောက်ပိုင်းသေနေပေမယ့် သူမဇာတ်လမ်းတွဲလေးတွေကို အိမ်ကနေ အားပေးနေရှာတဲ့ ညီမလေးအကြောင်းပြောပြလာတဲ့ မြတ်သူသူဇင်

တို့မမနဲ့တို့” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ ပြင်ဆင်နေသူတစ်ယောက်ဖြစ်တဲ့ မြတ်သူသူဇင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုကို ပိုင်ဆိုင်ရရှိထားတဲ့ သူတစ်ယောက်ပါ။ “ပျားရည်အိုင်”ဇာတ်လမ်းတွဲကနေ မြညိုကာရိုက်တာနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ မြညိုလေးက အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပါတယ် ။ပြသနေ ဆဲြ ဖစ်တဲ့ “တတိယမြောက် ဆုံမှတ်”ဇာတ်လမ်းတွဲ ကြီး ကတော့ ပရိသတ်တွေလက်မ လွှတ်တမ်းစောင့်ကြည့်အားပေးနေကြတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်နေပါတယ်။

ပထမဆုံး စတင်ပြသတဲ့နေ့မှာတင် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရ ရှိထား တာဖြစ်ပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း ဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်ကြပါတယ်။မြတ်သူသူဇင်ကတော့ အနုပညာဘက်မှာ တော်သလို မိသားစုအပေါ်မှာလည်း သိတတ်လွန်းသမီးလိမ္မာလေးဖြစ်သလို မောင်နှမတွေအပေါ်မှာ လည်း အမကြီးအမိအရာ ဆိုသလို အားထားရာတစ်ခုအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။

အိမ်ကမိသားစုကလည်း သူမအပေါ်မှာ အစစအရာရာ ဂရုတစိုက် အားပေးဖေးမကြပြီး မြwfသူသူဇင်ရဲ့ ဒုတိယညီမလေးကတော့ အောက်ပိုင်းသေနေပေမဲ့ အိမ်ကနေ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးတွေကြည့်ရင်း အားပေးပါတယ်လို့ ဆိုထားပါတယ်။ ပရိသတ်ကြီးရေ တစ်မိသားစုလုံးရဲ့ အားထားသမီးကြီးအဖြစ် အားကိုးရတဲ့ မြတ်သူသူဇင် ကို အားပေးစကားလေးတွေပြောသွားဦးနော်။

Comments are closed.