အမြဲပြုံးနေအောင် ထားပေးတဲ့ ချစ်သူကို ကျေးဇူးတင်လိုက်တဲ့ မြတ်သူသူဇင်

အမြဲပြုံးနေအောင် ထားပေးတဲ့ ချစ်သူကို ကျေးဇူးတင်လိုက်တဲ့ မြတ်သူသူဇင်



မြတ်သူသူဇင်ကတော့ “မိန်းခလေးတစ်ယောက်ရဲ့အပြုံးတွေအသက်ဝင်ဖို့က သူလက်တွဲထားတဲ့ ယောကျာ်းလေးတစ်ယောက်ရဲ့အပေါ်မှာပဲ မူတည်တာပါ ❤❤❤ အခုချိန်ထိ အမြဲပြုံးနေနိုင်အောင် ထားပေးလို့ အရမ်းကျေးဇူးတင်ပါတယ် ❤Zin Thu Htay❤️” ဆိုပြီး သူမကို ပျော်ရွှင်စေတဲ့ ချစ်သူအကြောင်း ကြည်နူးစွာ ပြောထားတာပါ။

ခက်ခဲတဲ့အချိန်တွေကို အတူဖြတ်ကျော်ခဲ့ကြတဲ့ မြတ်သူသူဇင်တို့ ချစ်သူနှစ်ဦးကတော့ လက်ရှိမှာ အေးချမ်းသာယာတဲ့ အချစ်ရေးတစ်ခုကို နှစ်ကိုယ်တူ ပုံဖော်နေကြတာပါနော်။

မင်းသမီးချောလေး မြတ်သူသူဇင်ကတော့ ဝိဉာဉ်ရှိုက်သံ၊ ရတနာထဲက ရတနာ အစရှိတဲ့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးခဲ့တာဖြစ်ပြီး၊ လက်ရှိပြသနေတဲ့ “တတိယမြောက် ဆုံမှတ်” ဇာတ်လမ်းတွဲမှာလည်း အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ မိုမိုလေးချစ်ပ ရိသတ်တွေလည်း အပျော်ရွှင်ဆုံး မိန်းကလေးဖြစ်အောင် ဖန်တီးပေးတဲ့ ချစ်သူကို ကျေးဇူးတင်နေတဲ့ မြတ်သူသူဇင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Myat Thu Thu Zin’s Facebook, Ref&Credit:momolay.com

Comments are closed.