ခေါင်းအစ၊ ခြေအဆုံး Branded တွေချည်းပဲ ဆင်မြန်းခဲ့တဲ့ နေခြည်ဦးရဲ့ Paris သွားဖက်ရှင်

ခေါင်းအစ၊ ခြေအဆုံး Branded တွေချည်းပဲ ဆင်မြန်းခဲ့တဲ့ နေခြည်ဦးရဲ့ Paris သွားဖက်ရှင်

မိန်းကလေးတိုင်း သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသမီးချောလေး နေခြည်ဦးက Beauty Blogger တစ်ဦးအဖြစ် လူသိများလာခဲ့ပြီး တစ်စထက်တစ်စ အနုပညာလောကထဲကို ဝင်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ ထူးချွန်တဲ့ ပါရမီကြောင့် အချိန် တိုအတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ကြီးတွေကို လည်း အမြောက်အများ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးက ဒီနေ့မှာတော့ ပဲရစ်မြို့မှာကျင်းပပြုလုပ်တဲ့ Paris Fashion Week 2019 ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုတစ်ယောက်အနေနဲ့ တက်ရောက်ဖို့ ထွက်ခွာသွားပြီပဲ ဖြစ်ပါတယ်။ နေခြည်ဦးက မနှစ်က (၂၀၁၈) ခုနှစ်တုန်းကလည်း Paris Fashion Week ကို တစ်ကိုယ်လုံး Gucci Brand တွေသာ ဆင်မြန်းပြီး သွားခဲ့တာမို့ ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ နေခြည်ဦးက သူမရဲ့ လေဆိပ်ဖက်ရှင်ကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေးသာ ဝတ်ဆင်ခဲ့တာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ခရီးသွားဖက်ရှင်ကို မျှဝေပေးလိုက်ပါတယ်နော်။

နေခြည်ဦးက Supreme Hoodie၊ ဦးထုတ်၊ Nike ဖိနပ်တို့ကို အထာကျကျ ဝတ်ဆင်ထားပြီး Rayband မျက်မှန်၊ Hermes လက်ကိုင်အိတ်၊ LV ခရီးဆောင်အိတ် စတာတို့နဲ့ ထွက်လာတာကို တွေ့ရပါတယ်။

နေခြည်ဦးကတော့ ပဲရစ်ကိုသွားတဲ့ လေဆိပ်ဖက်ရှင်နဲ့တင် သိန်းရာနဲ့ချီ ဝတ်ဆင်လာတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ Paris Fashion Week တက်ရောက်မယ့် အမိုက်စားပုံရိပ်လေးတွေကို စောင့်မျှော်ပေးကြပါဦးနော်။

Rowena
Source: Nay Chi Oo’s fb,Ref&Crd:momolay.com

Comments are closed.