၂၃ – ၉ – ၂၀၁၉ မှ ၂၉ – ၉ -၂၀၁၉ အထိ တစ်ပတ်စာ ခုနှစ်ရက် သား/သမီးများ အတွက် ဗေဒင်

၂၃ – ၉ – ၂၀၁၉ မှ ၂၉ – ၉ -၂၀၁၉ အထိ တစ်ပတ်စာ ခုနှစ်ရက် သား/သမီးများ အတွက် ဗေဒင်

တနဂၤေႏြသားသမီး

ငွေဝင်မည့်ကိစ္စတို့ လွဲချော်နေတတ်ပါသည် ။ ဝင်လာလျှင်လည်း များများမဝင်ဘဲ ၊ နည်းနည်းနှ င့် သာ ဖြစ်နေတတ်ပါသည် ။ စီးပွားရေး အလုပ်အကိုင် တို့အတွက် အတော်လေးကြိုးစား လုပ် ကိုင်ေ နရတတ်ပါသည် ။ အလုပ်လည်း များတတ်ပါသည် ။


လုပ်ငန်းသစ် စတင်မည့်သူတို့ ငွေကြေး မပြည့်မစုံဘဲ ဖြစ်နေတတ်ပါသည် ။ အလုပ်အကိုင်နှင့် ပတ်သက်ပြီး အခက်အခဲ ရှိနေသူတို့ အဆင်ပြေ သွားပါလိမ့်မည်။ ဝင်ငွေထက် ထွက်ငွေ ပိုနေတတ်ပါသည် ။ အိမ်တွင်းရေး အိမ်ထောင်ရေးတွင် ငွေအကုန်အကျ များသည့်အတွက် စိတ်ညစ်ရ တတ်ပါသည် ။ ချက်ချင်းတော့ မဟုတ်သော်လည်း များမကြာမီတွင် ငွေဝင်ကိန်း ငွေရကိန်း ရှိပါသည် ။

ကျန်းမာရေး- ပုခုံးနာခြင်း၊ အကြောတတ်ခြင်း၊ကိုယ်ခန္ဓာညောင်းညာကိုက်ခဲခြင်း တို့ဖြစ် တတ်ပါသည် ။

ယတြာ- မည်သည့်နေ့ မဆို မနက်ကိုးနာရီတွင် အိမ်ဘုရားမှာ အမွေးတိုင် ဆယ်တိုင်ကိုထွန်းညှိ ပူဇော်၍ လိုရာဆုကို တောင်းလိုက်ပါလေ ။

တနင်္လာ

ငွေဝင်မည့် စီးပွား လာဘ်လာဘများ ပွင့်လန်းလာတတ် ပါသည် ။ အမျိုးသမီးတစ်ယောက် ထံမှ အကူအညီ ရတတ်ခြင်း ၊ အကြံဉာဏ် ကောင်းရခြင်း ဖြစ်တတ် ပါသည် ။ အလုပ်အကိုင် ၊ အကြံအစည်တို့ အောင်မြင်ပါလိမ့်မည် ။ လူချစ်လူခင် များခြင်း၊ လူအထင်ကြီး ခံရခြင်းတို့ ဖြစ်တတ်ပါသည် ။ အပျော်အပါး ကိစ္စကို ရှောင်ပါ ။ မရှောင်လျှင်လာဘ်ပိတ် တတ်ပါသည် ။

လုပ်ငန်းသစ် ၊ စီးပွားရေး အလုပ်အကိုင်သစ် စတင်မည့်သူတို့ အကျိုးပေးပါသည် ။ အလုပ်နေရာ ပြောင်းခြင်း ၊ ကုမ္ပဏီ ရုံးခန်းပြောင်းခြင်း ၊ အိမ်ပြောင်းခြင်းတို့အတွက်ေ ကာင်းပါသည် ။ အလုပ်မှာ ရာထူးတိုးတတ်ပါသည် ။ သို့မဟုတ် မျက်နှာသာ ပေးခံရခြင်း၊ အခွင့်အရေး ရရှိ ခြင်းတို့ဖြစ်မည် ။

မထင်မှတ်ဘဲ ငွေအလုံးအရင်းလိုက် ရတတ်သည်မှာ ဤကာလမျိုး ဖြစ်တတ်ပါသည် ။ နာမည် ဂုဏ်သတင်းလည်း ကြီးတတ်ပါသည် ။ အိမ်ထောင်ရေး သာယာ ပါလိမ့်မည် ။ ချစ်သူမရှိသေး လျှင် ချစ်သူရတတ်သည် ။ ချစ်သူရှိပြီး သူတို့ မျက်နှာများ တတ်ပါသည် ။

ကျန်းမာရေး- မကျန်းမမာ ဖြစ်နေသူများ ပင်လျှင် နာလန် ပြန်ထ လာတတ်ပါသည် ။

ယတြာ- အဝါရောင်ရှိသည့် ဂန္ဓမာပန်း ( ၃ ) ပွင့်ကို ဖန်ခွက်ဖြင့် ထည့်၍ ကပ်လှူ ပူဇော်ပြီး အလို ရှိရာကို ဆုတောင်းလိုက်ပါလေ ။

အင်္ဂါသားသမီး

ဒီအချိန်မှာ လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်နေရ တတ်ပါသည် ။ အလုပ်အကိုင် အကြံအစည်နှ င့်ပတ်သက်ပြီး အလွဲလွဲ အချော်ချော်တို့ ဖြစ်နေ တတ်ပါသည် ။ လုပ်ငန်းခွင်တွင်မည်သို့မျှပင် ကြိုးစား လုပ်ကိုင်သော်လည်း မျက်နှာ မရဘဲ ဖြစ်တတ်ပါသည် ။ သူတစ်ပါးတို့၏ ပြစ်တ င်ေြ ပာဆိုခြင်းတို့ကို ခံရတတ်ပါသည် ။


အိမ်တွင်းရေးကြောင့် စိတ်ညစ်ရ တတ်ပါသည် ။ အိမ်ထောင်ရေးတွင် အဆင်မပြေ ဖြစ်တတ်ပါ သည် ။ အချစ်ရေး ကံခေ တတ်ပါသည်။ စိတ်မကောင်းစွာဖြင့် ပြောဆိုရမည် ဆိုပါက သင့်အတွက် ဘာလုပ်လုပ် အရာမထင် မအောင်မမြင် ဖြစ်သော ကာလတစ် ခုဖြစ်ပါသည် ။ ကျန်းမာရေး ညံ့တတ်ပါသည် ။ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း ၊ ချွေးထွက်များခြင်း၊ ခေါင်းမူးခေါင်းကိုက် ဖြစ်ခြင်း ၊ ကြွက်သားများ နာကျင် တောင့်တင်းခြင်းတို့ဖြစ်တတ် ပါသည် ။

ယတြာ- အိမ်ဘုရားမှာ ဖယောင်းတိုင် ( ၆ ) တိုင်ထွန်းညှိပူဇော်၍ အညံ့အခိုက်များ ကြေပြီးကံကောင်းစေရန်အတွက်ဆုတောင်းလိုက် ပါလေ ။

ဗုဒဟူးသားသမီး

ခရီးထွက်ရန် အစီအစဉ် ရှိသူတို့ ရက်ရွှေ့ဆိုင်း လိုက်ရခြင်း ၊ ခရီးစီစဉ်ပျက်သွားခြင်းတို့ြ ဖစ်တတ် ပါသည် ။ အချစ်ရေး အဆင်မပြေတတ်ပါ ။ သူတစ်ပါး၏ မနာလိုခြင်းကိုခံရတတ်ပြီး မကောင်း ပြောဆိုခံရခြင်းကို ကြုံရ တတ်ပါသည် ။ အိမ်ထောင်ရေးမှာ အဆင်မပြေ ဖြစ်တတ် ပါသည် ။ အိမ်တွင်းရေး ဆူပူ တတ်ပါသည် ။


အောင်မြင်ချင်စိတ်များပြီး စွန့်စားရသည့် လုပ်ငန်းများ လုံးဝမလုပ်ပါနှင့် ။ သောကများနှင့်သာ ကြုံတွေ့ရ တတ်ပါသည် ။ ဤအချိန် အခါကာလတွင် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲ၍ လုပ်ကိုင်ပြောဆိုမှုတို့သည် အမှားနှင့်သာ ကြုံတွေ့ရတတ်သည်ကို သတိပြုပါလေ ။

ကျန်းမာရေး- လေထိုးလေအောင့်ဖြစ်ခြင်း၊ လေမကြေဘဲဝမ်းဗိုက်ကယ်ခြင်း၊ ကြို့ထိုးခြင်း တို့ဖြစ်တတ်ပါသည်။

ယတြာ- မိမိအိမ်ဘုရားတွင်အမွှေးတိုင် (၅ ) တိုင်ကိုထွန်းလှူပူဇော်ပြီးဆုတောင်းလိုက်ပါလေ ။

ကြာသပတေးသားသမီး

ဒီနေ့တွင် မထင်မှတ်ထားဘဲ အိမ်ပြောင်းခြင်း၊ အလုပ်ပြောင်းခြင်း၊ နေရာပြောင်းလဲရခြင်း စသည့် ကိစ္စများနှင့်ကြုံတွေ့ရတတ်ပါသည်။ ဆုံးဖြတ်ချက်ချရမည့် ကိစ္စ များတွင် ချီတုံချီတုံဖြစ်၍ မပြတ်မသားဖြစ်နေတတ်ပါသည်။ အခက်အခဲကြုံတွေ့နေရသူတို့ အကူအညီ ပေးမည့်သူ ပေါ်လာပါလိမ့်မည် ။

မည်သည့် ကိစ္စမဆို နှစ်ခါ ပြန်လုပ်ရ တတ်ပါသည် ။ စီးပွားရေး အလုပ်အကိုင် နှင့်ပတ်သက်ပြီး သွေးအေးအေးဖြင့် ချင့်ချင့်ချိန်ချိန် လုပ်ပါက အကျိုးပေးပါလိမ့်မည် ။ သတင်းကောင်း တစ်ခု ကြားရတတ်ပါသည် ။ ကျန်းမာရေး မကောင်းသူများ နာလန်ပြန်ထူလာ တတ်ပါသည် ။

ယတြာ- အဝါရောင်ရှိသည့် ဖျော်ရည် တစ်မျိုးကို အိမ်ဘုရားတွင် ကပ်လှူ၍ အလိုရှိရာကို ဆုတောင်းလိုက်ပါလေ ။

သောကြာသားသမီးများ

အပြောင်းအလဲ လုပ်လိုစိတ်များပေါ်မည် ။ အလုပ်ပြောင်းချင်၊ အိမ်ပြောင်းချင်၊ နေရာပြောင်း ချင်စိတ်များ ဖြစ်ပေါ် နေတတ်ပါသည် ။ ထူးခြားမှုတစ်ခု မှာဘာသာရေးလုပ်လိုတဲ့စိတ်၊ အဓိဋ္ဌာန်ဝင်လိုတဲ့စိတ်၊ သာသနာ့ဘောင်သို့ဝင်လိုသည့် စိတ်များ ဖြစ်ပေါ်လာတတ်ပါသည် ။ အဓိဋ္ဌာန် တစ်ခုခု ဝင်ဖြစ်အောင် ဝင် လိုက်ပါ ။


ဘဝ တိုးတက်ရာ တိုးတက်ကြောင်း အတွက် အတတ်ပညာ သင်ကြားရခြင်း ၊ သင်တန်း တက်ရခြင်းတို့ ဖြစ်တတ်ပါသည် ။ ငွေဝင်ပါလိမ့်မည် ။ ငွေဝင်သလောက် အကုန်အကျလည်း များနေ တတ်ပါသည် ။ လုပ်ငန်းရှင်များ ၊ အရောင်းအဝယ် စီးပွားရေးသမားများ၊ ကုမ္ပဏီများ ၊ မိမိ လုပ်ငန်း ဖွဲ့စည်းပုံကို အသစ်တစ်ဖန် ပြုပြင်ပြောင်းလဲခြင်း ၊ ပစ္စည်း နေရာ အထားအသိုများကို ပြန်လည် မွန်းမံခြင်း ၊ အသစ် တစ်ဖန် ခင်းကျင်းပြင်ဆင်ခြင်းတို့ ပြုလုပ်လိုက်ပါက အကျိုးပေး ပါလိမ့်မည် ။


ယတြာ- အိမ်ရှိဘုရားကို ရေသပ္ပါယ်ကုသိုလ်ပြု၍လိုရာဆုကိုတောင်းလိုက်ပါလေ။

စနေသားသမီးများ

စပ်တူရှယ်ယာလုပ်ငန်း ၊ အကျိုးတူ လုပ်ရသည့် အလုပ်တို့ အဆင်မပြေ ဖြစ်တတ်ပါသည် ။ စီးပွားဖက် ၊ လုပ်ဖော်ကိုင်ဘက် တို့နှ င့်စိတ်ဝမ်းကွဲတတ်သည် အဆင်မပြေ ဖြစ်တတ်သည် ။ အချစ်ရေး အိမ်ထောင်ရေး စိတ်ညစ်စရာ ကြုံရတတ်ပါသည် ။ ငွေအကုန်အကျလည်း များရတတ်ပါသည် ။ သူတစ်ပါးအကြံပေးသည့် လုပ်ရသည့် အလုပ်မျိုးဖြစ်ပါက မည်သည့် အလုပ်ကိုမျှ မလုပ်ပါနှင့် ဆုံးရှုံး နစ်နာတတ်ပါသည် ။

ငွေကြေးကိစ္စကြောင့် စကားများရတတ်ပါသည် ။ ခရီးသွားရန် အစီအစဉ်ရှိပါက ရက်ရွှေ့ ဆိုင်း ပြီးမှသွားပါလေ ။ သူတစ်ပါးထံတွင် အကူအညီ တောင်းခံထားသည့် ကိစ္စတို့ အဆင်ပြေမ လိုနှင့် အဖျားရှူး သွားတတ်ပါသည် ။ လူမှုရေးတွင် ဆက်ဆံရေး အဆင်မပြေမှုတို့ ကြုံတွေ့ ရတတ်ပါသည် ။ ဤကာလတွင် ခုနစ်ထိပ်စီး နှစ်ထိပ်စီးလေးထိပ်စီးတို့ဖြင့် ထီးထိုး၍ ကံစမ်းလိုက်ပါလေ ။

ထီကံကောင်းနေပါသည်။ ကျန်းမာရေး လက်တစ်ဖက်အကြောကပ်ခြင်း၊ အကြောညှပ်ခြင်းတို့ဖြစ်တတ်ပါသည်။

ယတြာ- အိမ်ဘုရားတွင် သောက်သောရေသုံးခွက်ကပ်လှူ၍ အလိုရှိရာကိုအာရုံပြုပြီးဆုတောင်းလိုက်ပါလေ။

Comments are closed.