တကယ်ထွက်လာရင် ဗိုလ်ချုပ်အောင်ဆန်းဘဲမြင်စေရမယ်” လို့ ဆိုလာတဲ့ ကျော်ကျော်မျိုး

တကယ်ထွက်လာရင် ဗိုလ်ချုပ်အောင်ဆန်းဘဲမြင်စေရမယ်” လို့ ဆိုလာတဲ့ ကျော်ကျော်မျိုး

ဘောလုံးသမားလေး ကျော်ကျော်မျိုးအဖြစ်ကနေ သရုပ်ဆာင် ကျော်ကျော်မျိုးအဖြစ်ကို မျက်စိမှိတ်ပြီး ကူးပြောင်းခဲ့ကာ အချိန်တွေကြာနေပြီဆိုပေမယ့် ဒီဇာတ်လမ်းကို အကောင်း ဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဇာတ် ကားကြီးအတွက် ကို စိတ်ရောကိုယ်ပါ နှစ်ပြီး ကြိုးစားနေသူဖြစ်ကာ ဒီရုပ်ရှင်ကားကြီးပြီးဖို့ဘဲ ဦးစားပေးရိုက် ကူးသွားမှာဖြစ်ကာ စကားနဲ့ ဘဲမဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ပြသွားမယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” ကျွန်တော်ဝါသနာပါတဲ့ဘောလုံးဘဝကို စွန့်လွှတ်ခဲ့ရတာပေါ့ ခုချိန်ထိ ဘဲ ဒါကိုဘဲ တစိုက်မတ်မတ် ကြိုးစားပြီးလုပ်နေတာပေါ့။ လူတွေက အတ္တနဲ့မကင်းပါဘူး ကိုယ်ဝါသနာပါတာလဲလုပ်ရတယ်ဗျာ လစာလဲကောင်းနေတာ အဲ့လိုဘဝမျိုးကို တောင်ပစ်ချပြီး ဒါကိုဘဲရွေးချယ်တာ ဘယ်တော့မှလဲနောင်တမရဘူး။တကယ်ကိုမြင့်မြတ်တဲ့အလုပ် ဘယ်လို အနှောင့်အယှက်အခက်အခဲတွေရှိနေပါစေ ဒီကားပြီးဖို့ဘဲ အရေးကြီးတယ် ဒီကားပေါ် မှာဘဲ အာရုံ စိုက်ထားတယ်။ ဒီကားပြီးမှဘဲစိတ်လျှော့မယ်”



” ဒါရိုက်တာကတော့ အိုက်တင်တွေလဲ သင်အုံးမယ်ဆိုတော့ ။ကျွန်တော်ကစိတ်နှစ်စွာနဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံးကြိုးစားရမှာပေါ့ ကျွန်တော်ကြိုးစားထားတာ ဒီနှစ်တွေ အတောအတွင်းမှာ ကျွန်တော်ကြိုးစားထားတာကို မြင်စေရမယ်။တကယ်ထွက်လာရင် ဗိုလ်ချုပ်အောင်ဆန်းဘဲမြင်စေရမယ်” လို့ဆိုပြီးပြောပြခဲ့ပါတယ်။


အဲ့ဒီဇာတ်ကားမှာ သရုပ်ဆောင် တွေအဖြစ် ဒါရိုက်တာသရုပ်ဆောင် ညိုမင်းလွင်က ကျောင်းသားခေါင်းဆောင် ကိုဘဟိန်း၊ ၊ အောင်မော်ထွန်း က သခင်နု ၊သရုပ်ဆောင် မင်းဦး ကမန်းဘခိုင် ၊ နန်းဇာခြည်လင်းကတော့ အမေဒေါ်ခင်ကြည် ၊ကျော်ကျော်မျိုးကတော့ ဗိုလ်ချုပ် ။

သရုပ်ဆောင် ကျော်ကျော်ကတော့ ဦးသိန်းဖေမြင့် ၊ ရဲအောင်ကတော့ သခင်မြ ၊ ရန်အောင်က ဒေါက်တာဘမော်၊ မိုးဟေကို မာရီလှတော၊ နိုင်နိုင်းက ဗိုလ်နေဝင်း ၊ခန်စည်သူက ဦးတင်ထွဋ် ၊လူမင်းက ဗိုလ်မင်းရောင်နေရာမှာ တာဝန်ယူမှာဖြစ်ကာ ဂဠုန်ဦးစော နေရာမှာတော့ သူ့ရဲ့ မြစ်အရင်းဖြစ်တဲ့ ဇော်ဇော်ပိုင်ကသရုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ လဲ သိရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo (mml)
Source – momolay tv , ref&crd:momolay.com

Comments are closed.