ဇနီးျဖစ္သူကို မဆံုးခင္ ေနာက္ဆံုးမွာ သြားခဲ့တဲ့ လူၾကမ္းဦးမင္းစိန္ရဲ႕ ေမ်ွာ္ လင့္ခ်က္

ဇနီးျဖစ္သူကို မဆံုးခင္ ေနာက္ဆံုးမွာ သြားခဲ့တဲ့ လူၾကမ္းဦးမင္းစိန္ရဲ႕ ေမ်ွာ္ လင့္ခ်က္

လူၾကမ္းဦးမင္းစိန္ဟာ ယေန႔မနက္ပိုင္း ၂ နာရီခြဲေလာက္မွာရုတ္တရက္ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ ခက္ခဲၾကမ္းတမ္းလွတဲ့ဘဝကိုရင္ဆိုင္ျဖတ္သန္းရင္းနဲ႔ သားသမီးေတြအတြက္ ဖခင္ေကာင္းျဖစ္ေအာင္လည္း အစြမ္းကုန္ၾကိဳးစားေနခဲ့တာျဖစ္ပါတယ္။ လူၾကမ္းဦးမင္းစိန္ရဲ႕ ျဖစ္စဥ္ကိုလည္း ဇနီးျဖစ္သူက ယခုလိုပဲစိတ္မေကာင္းစြာနဲ႔ေျပာျပလာခဲ့တာျဖစ္ပါတယ္။

“လြန္ခဲ့တဲ့ ၁၅ရက္က မႏၱေလး၊ မုိးကုတ္ဘက္ကိုေခြသြားေရာင္းတာ မိုးကုတ္ဘက္ေရာက္ေတာ့ အေအးလွုိင္းျဖတ္ေနတဲ့အခ်ိန္နဲ႔ၾကံဳေတာ့ အဆုတ္ထဲမွာခြ်ဲေတြက်ပ္ျပီးျပန္လာတာ။ အရမ္းေမာေနေတာ့ အမလည္း စိတ္ထဲမွာ မျဖစ္ေတာ့လို႔ ေဆးရံုတင္လိုက္တာ လြတ္လပ္ေရးေန႔ မနက္ (၇) နာရီေလာက္မွာ ဆရာဝန္ကေျပာတယ္ ငါးဆယ္ ငါးဆယ္တဲ့ မ်က္လံုးေလးကနည္းနည္းဝါေနတယ္ဆုိေတာ့ ေကာင္းႏိုင္ေျခရွိတယ္တ့ဲ။ မ်က္လံုးအဝါေတြက်လာျပီး ျပန္ေကာငး္လာတယ္။ ေမာတာေတြ သက္သာလာတယ္။ ခြ်ဲေတြက ေအာက္ကေနထြက္သြားတယ္။ ဒါေပမယ့္ တစ္ခုက ေအာက္ဆီဂ်င္ျပတ္လို႔မရဘူး။ ေအာက္စီဂ်င္ကုန္သြားတာကိုမသိလုိက္တဲ့အခ်ိန္ေလးမွာ ျပန္ကယ္လို႔မရေတာ့ ဘူးျဖစ္သြားတာ။

ေအာက္စီဂ်င္လြတ္သြားတဲ့အခ်ိန္မွာေအာက္စီဂ်င္ဗံုးသြားယူျပီး ႏိုးၾကတာေပါ့ေနာ္ ႏိုးေနေတာ့လည္း ျပန္ထေသးတယ္ ႏွလံုးခုန္သံျပန္ၾကားရေသးေတာ့ ဆရာမေတြက ရေသးတယ္ အားမေလ်ွာ့နဲ႔ထပ္လုပ္ဆိုျပီး ဒါေပမယ့္ ေနာက္ဆံုးမွာ မရေတာ့ဘူး ေအာက္ဆီဂ်င္ျပတ္သြားတာ ၾကာသြားတဲ့အခ်ိန္က်ေတာ့ မရေတာ့ဘူး။ ”

“အရင္တုန္းကေတာ့ အဆုတ္ပြတာေတြဘာေတြရွိတယ္။ ရင္ဘတ္ေတြအေအးပတ္တာေတြ သူလည္းအဲ့ေလာက္ၾကီးျဖစ္မယ္မထင္လို႔ သြားလိုက္တာ။ ဟိုမွာအေအးလိွုင္းျဖတ္တဲ့အခ်ိန္နဲ႔ၾကံဳေတာ့ အဆုတ္ထဲမွာခြ်ဲေတြဆုိ႔ျပီးျပန္လာတာ။ အမွတ္ (၃) ကေန သံုးဘီးနဲ႔သြားျပီးေခၚလာလိုက္တာ ေခၚလာျပီးေတာ့ Ambulance တန္းတင္လိုက္တာ။ သူက သူ႔ကိုယ္သူေကာင္းမယ္ပဲတြက္ထားတာ ငါဘာမွမျဖစ္ဘူး ေကာင္းမွာတဲ့ ခြ်ဲက်ပ္ေနတာ ၾကာျပီတဲ့။ ကေလးက (၅) ေယာက္က်န္ခဲ့တယ္။ အၾကီးေတြကေတာ့ ၾကီးကုန္ျပီ အငယ္ေလးက တစ္ေယာက္ပဲရွိတယ္။ ”

လူၾကမ္းဦးမင္းစိန္ကေတာ့ သူမဆံုးခင္မွာ သားသမီးေတြနဲ႔ပတ္သက္ျပီးသူ႔ရဲ႕ ေနာက္ဆံုးေမ်ွာ္လင့္ခ်က္ေလးကို ဇနီးျဖစ္သူကို ေျပာခဲ့တာျဖစ္ပါတယ္။

“ေနာက္ဆံုးေျပာသြားတာ ေန႔ခင္းပိုင္းေလာက္မွာ သူလည္း ေတာ္ေတာ္ေလးေကာင္းေနျပီ ကေလးေတြလည္းျပန္သြားျပီ သားႀကီးတုိ႕သားငယ္တို႕ ေစာင့္ေနတယ္ မေသေသးဘူးတဲ့ ၊ သူျဖစ္ေစခ်င္တဲ့ ဆရာဝန္မၾကီးျဖစ္ေအာင္ အငယ္ေလးကိုလည္း ေက်ာင္းထားေပးပါလုိ႕ မွာခဲ့တယ္” လို႔ ဇနီးျဖစ္သူက ဆန္းေဒးဂ်ာနယ္ရဲ႕ အင္တာဗ်ဴးမွာစိတ္မေကာင္းစြာနဲ႔ေျပာခဲ့တာျဖစ္ပါတယ္။We Love Cele

Photos-Facebook

[Unicode]

လူကြမ်းဦးမင်းစိန်ဟာ ယနေ့မနက်ပိုင်း ၂ နာရီခွဲလောက်မှာရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းလှတဲ့ဘဝကိုရင်ဆိုင်ဖြတ်သန်းရင်းနဲ့ သားသမီးတွေအတွက် ဖခင်ကောင်းဖြစ်အောင်လည်း အစွမ်းကုန်ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ လူကြမ်းဦးမင်းစိန်ရဲ့ ဖြစ်စဉ်ကိုလည်း ဇနီးဖြစ်သူက ယခုလိုပဲစိတ်မကောင်းစွာနဲ့ပြောပြလာခဲ့တာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ ၁၅ရက်က မန္တလေး၊ မိုးကုတ်ဘက်ကိုခွေသွားရောင်းတာ မိုးကုတ်ဘက်ရောက်တော့ အအေးလှိုင်းဖြတ်နေတဲ့အချိန်နဲ့ကြုံတော့ အဆုတ်ထဲမှာချွဲတွေကျပ်ပြီးပြန်လာတာ။ အရမ်းမောနေတော့ အမလည်း စိတ်ထဲမှာ မဖြစ်တော့လို့ ဆေးရုံတင်လိုက်တာ လွတ်လပ်ရေးနေ့ မနက် (၇) နာရီလောက်မှာ ဆရာဝန်ကပြောတယ် ငါးဆယ် ငါးဆယ်တဲ့ မျက်လုံးလေးကနည်းနည်းဝါနေတယ်ဆိုတော့ ကောင်းနိုင်ခြေရှိတယ်တဲ့။ မျက်လုံးအဝါတွေကျလာပြီး ပြန်ကောငး်လာတယ်။ မောတာတွေ သက်သာလာတယ်။ ချွဲတွေက အောက်ကနေထွက်သွားတယ်။ ဒါပေမယ့် တစ်ခုက အောက်ဆီဂျင်ပြတ်လို့မရဘူး။ အောက်စီဂျင်ကုန်သွားတာကိုမသိလိုက်တဲ့အချိန်လေးမှာ ပြန်ကယ်လို့မရတော့ ဘူးဖြစ်သွားတာ။

အောက်စီဂျင်လွတ်သွားတဲ့အချိန်မှာအောက်စီဂျင်ဗုံးသွားယူပြီး နိုးကြတာပေါ့နော် နိုးနေတော့လည်း ပြန်ထသေးတယ် နှလုံးခုန်သံပြန်ကြားရသေးတော့ ဆရာမတွေက ရသေးတယ် အားမလျှော့နဲ့ထပ်လုပ်ဆိုပြီး ဒါပေမယ့် နောက်ဆုံးမှာ မရတော့ဘူး အောက်ဆီဂျင်ပြတ်သွားတာ ကြာသွားတဲ့အချိန်ကျတော့ မရတော့ဘူး။ ”

“အရင်တုန်းကတော့ အဆုတ်ပွတာတွေဘာတွေရှိတယ်။ ရင်ဘတ်တွေအအေးပတ်တာတွေ သူလည်းအဲ့လောက်ကြီးဖြစ်မယ်မထင်လို့ သွားလိုက်တာ။ ဟိုမှာအအေးလှိုင်းဖြတ်တဲ့အချိန်နဲ့ကြံုတော့ အဆုတ်ထဲမှာချွဲတွေဆို့ပြီးပြန်လာတာ။ အမှတ် (၃) ကနေ သုံးဘီးနဲ့သွားပြီးခေါ်လာလိုက်တာ ခေါ်လာပြီးတော့ Ambulance တန်းတင်လိုက်တာ။ သူက သူ့ကိုယ်သူကောင်းမယ်ပဲတွက်ထားတာ ငါဘာမှမဖြစ်ဘူး ကောင်းမှာတဲ့ ချွဲကျပ်နေတာ ကြာပြီတဲ့။ ကလေးက (၅) ယောက်ကျန်ခဲ့တယ်။ အကြီးတွေကတော့ ကြီးကုန်ပြီ အငယ်လေးက တစ်ယောက်ပဲရှိတယ်။ ”

လူကြမ်းဦးမင်းစိန်ကတော့ သူမဆုံးခင်မှာ သားသမီးတွေနဲ့ပတ်သက်ပြီးသူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်လေးကို ဇနီးဖြစ်သူကို ပြောခဲ့တာဖြစ်ပါတယ်။

“နောက်ဆုံးပြောသွားတာ နေ့ခင်းပိုင်းလောက်မှာ သူလည်း တော်တော်လေးကောင်းနေပြီ ကလေးတွေလည်းပြန်သွားပြီ သားကြီးတို့သားငယ်တို့ စောင့်နေတယ် မသေသေးဘူးတဲ့ ၊ သူဖြစ်စေချင်တဲ့ ဆရာဝန်မကြီးဖြစ်အောင် အငယ်လေးကိုလည်း ကျောင်းထားပေးပါလို့ မှာခဲ့တယ်” လို့ ဇနီးဖြစ်သူက ဆန်းဒေးဂျာနယ်ရဲ့ အင်တာဗျူးမှာစိတ်မကောင်းစွာနဲ့ပြောခဲ့တာဖြစ်ပါတယ်။We Love Cele

Photos-Facebook

Comments are closed.