ကားကံစမ်းမဲပေါက်ချင်လို့ တာဝန်ရှိသူတွေကို ကလေးလိုချွဲလိုက်တဲ့ ရွှေထူး

ကားကံစမ်းမဲပေါက်ချင်လို့ တာဝန်ရှိသူတွေကို ကလေးလိုချွဲလိုက်တဲ့ ရွှေထူး


ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး အမြဲ ဟာသတွေလုပ်တတ်တဲ့ ရွှေထူးက ဒီတစ်ခေါက်မှာလည်း သူ့ရဲ့ လုပ်ရက်တစ်ခုကြောင့် ပရိသတ်တွေခမျာ ရယ်မောခဲ့ရပါတယ်။

ရွှေထူးက Air KBZ ရဲ့ ကံစမ်းမဲကူပွန်မှာ နောက်ဆုံးပေါ် Ford ကားကြီး မဲပေါက်ချင်လို့ “သားကိုရွေးပါ ဦးဦးတို့” ဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ရွှေထူးကတော့ လက်ရှိမှာ “တစ်ဦးတည်းသောဣတိယ” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဆင်နေပြီး Lil’Z၊ X-box၊ ထက်ယံတို့နဲ့အတူတူ Show ပွဲကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ရွှေထူးကတော့ တကယ်ကို ပေါက်ပေါက်ရှာရှာ လုပ်တတ်တာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Shwe Htoo’s fb, Ref&Crd:momolay.com

Comments are closed.