သီချင်းဆိုနေရင်းနဲ့ စကဒ်လှန်ပြ လိုက် တာကြောင့် အပြစ်တင်ဝေဖန် ခံခဲ့ရတဲ့ HyunA

သီချင်းဆိုနေရင်းနဲ့ စကဒ်လှန်ပြ လိုက် တာကြောင့် အပြစ်တင်ဝေဖန် ခံခဲ့ရတဲ့ HyunA

K-pop လောကရဲ့ Sexy Queen လို့ သတ်မှတ်တင်စားခံထားရတဲ့ HyunA ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ တက္ကသိုလ်ပွဲတော်တစ်ခုမှာ ပါဝင်တင်ဆက်ဖျော်ဖြေခဲ့ ပါတယ်။ ထိုပွဲမှာ သူမဟာ သူမရဲ့ နာမည်ကျော်ဟစ်သီချင်းအချို့ကို သီဆိုခဲ့ကာ ထိုသီချင်းတွေထဲမှာ သူမရဲ့ အမှတ်အသားသီချင်းလို့ဆိုရလောက်တဲ့ “Bubble Pop” သီချင်းလည်း ပါဝင်ခဲ့ပါတယ်။

ထို “Bubble Pop” ကို သီချင်းကို သီဆိုဖျော်ဖြေနေတဲ့ အချိန်အတွင်းမှာပဲ သူမ ပြုလုပ်လိုက် တဲ့လုပ်ရပ်တစ်ခုဟာ အွန်လိုင်းအသုံးပြုသူ ကိုရီးယားလူမျိုးတွေအကြားမှာ အတော်လေးကို ပွဲဆူလို့သွားခဲ့ပြီး ပြစ်တင်ဝေဖန်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆက်စီကျတဲ့ကကွက်တွေနဲ့ တင်ဆက်ဖျော်ဖြေလေ့ရှိတဲ့ သူမအတွက်ကတော့ ဒီလိုမျိုးပွဲဆူစေတဲ့အဖြစ်က သိပ်တော့မဆန်းဘူးလို့ ဆိုလို့ရပါတယ်။

ဒီလိုမျိုးပွဲဆူစေပြီး ဝေဖန်မှုတွေများစွာကို ရရှိစေခဲ့တဲ့ လုပ်ရပ်ကတော့ တခြားမဟုတ်ပါဘူး။ ပရိသတ်တွေကို ကျောပေးပြီး သူမ ဝတ်ထားတဲ့စကဒ်အတိုအမဲရောင်ကို ဆွဲတင်လှန်ပြ လိုက်တာပါပဲ။

အရင်တုန်းက ဖျော်ဖြေခဲ့တဲ့ပွဲတွေမှာဆိုရင် ဆွဲဆောင်မှုပြင်းတဲ့အဝတ်အစားမျိုးတွေကို ဝတ် ဆင်ပြီး ဖျော်ဖြေလေ့ရှိတဲ့သူမဟာ ထိုတက္ကသိုလ်ပွဲတော်မှာတော့ အရင်တုန်းကပုံစံမျိုးနဲ့မတူပဲ ပေါ့ပေါ့ပါးပါးနဲ့ လုံခြုံတဲ့ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်လာတာကြောင့် ပရိသတ်တွေအနေနဲ့ သူမရဲ့ ဖက်ရှင်ကို အံ့သြနေချိန်မှာမှ သူမ လုပ်ပြလိုက်တဲ့ လုပ်ရပ်က အတော်လေးကို ကြည့်ရဆိုးသွားစေတယ်လို့ အွန်လိုင်းအသုံးပြုသူ အချို့က ဝေဖန်ထားကြတာ ဖြစ်ပါတယ်။



HyunA ကတော့ အရင်တုန်းကအတိုင်း ဝေဖန်မှုတွေ၊ အပြစ်တင်ပြောဆိုမှုတွေကို သိပ်ပြီးအာရုံမစိုက်ပဲ သူမ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဆောင်နေဆဲပါပဲ။

Ref : Koreaboo
Mia (Momolay) , Ref&Crd:momolay.com

Comments are closed.