ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တန်းလျားကြီးကျေးရွာမှာ တည်ဆော က် မယ့် သိမ်ကျောင်းအတွက် ၁၀ သိန်း လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တန်းလျားကြီးကျေးရွာမှာ တည်ဆော က် မယ့် သိမ်ကျောင်းအတွက် ၁၀ သိန်း လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း

ငယ်ငယ်လေးတည်းက ရင်ခုန်နှစ်ခြိုက်စွာ နားဆင်ခဲ့ရတဲ့ သီချင်းကောင်းလေးတွေထဲမှာ အဆိုတော်ထူးအယ်လင်းရဲ့သီချင်းတွေလည်း မပါမဖြစ်ပါပဲ။ ဂီတအလုပ်တွေအပြင် ပရိဟိတ အလုပ်တွေကိုလည်း လက်နဲ့မပြတ် အမြဲလုပ်ဖြစ်နေတဲ့ ထူးအယ်လင်းက ဒီတစ်ခါမှာတော့ သူရဲ့ပရဟိတ ညီအစ်ကို များရဲ့ မွန်မြတ်တဲ့ အလှူ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ထူးအယ်လင်း ဟာဆိုရင် အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း ချစ်ရတဲ့ မိသားစုလေး နဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူပါ။ အနုပညာအလုပ်အပြင် ဆိုင်ကယ်ကို ချစ်မြတ်နိုးတဲ့ ထူးအယ်လင်းက သူနဲ့ ဝါသနာတူ ညီအစ်ကိုများဖွဲ့ပြီး ပရဟိတများစွာကိုလည်း လုပ်ကိုင်လေ့ ရှိပါတယ်။

ဒီတစ်ခါမှာလည်း ထူးအယ်လင်း က သူ့ရဲ့ ပရဟိတ ညီအစ်ကို များနဲ့အတူ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တန်းလျားကြီးကျေးရွာမှာ တည်ဆောက်မယ့် သိမ်ကျောင်းအတွက် ၁၀သိန်း လှူဒါန်းခဲ့တယ်လို့ ခုလိုပြောထားပါတယ်။

ထူးအယ်လင်းက ” ရခိုင်ပြည်နယ် ပြည်-တောင်ကုတ်ရိုးမလမ်း မိုင်တိုင် ၈၂ မှာရှိတဲ့ တောင်ကုတ်မြို့နယ် တန်းလျားကြီးကျေးရွာ သာသနာ့ရောင်ခြည်ကျောင်း မှာ တည်ဆောက်မယ့် သိမ်ကျောင်းအတွက် ခုနှစ်ရက်သားသမီး/ရာဟုသားသမီးအပါနှင့်ဆိုင်ကယ်ချစ်သူ ညီကိုမော င်နှမ လူမှူကူညီကယ်ဆယ်ရေးအသင်းအဖွဲ့မှ ၁,၀၀၀,၀၀၀(တစ်ဆယ်သိန်း)ကျပ် တိတိကို ကုသိုလ်ပါဝင်လှူဒါန်းခွင့်ရခဲ့ပါတယ်ဗျ🙏အလှူမှာကထိန် ၊ ကျောင်းမှာ သိမ် ဆိုသည့် အတိုင်း သိမ်ကျောင်းဆောက်လုပ်ရာမှာပါဝင်လှူဒါန်းခွင့်ရလို့ အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ် ။ လှူဒါန်းလိုသောကုသိုလ်ရှင်များကို ပါဝင်လှူဒါန်းကုသိုလ်ပြုယူဖို့လည်း ဖိတ်ခေါ်တိုက်တွန်း ပ်ပါတယ် ခင်ဗျ 🙏နတ် လူ ဘီလူး ယခုအလှူကို သာဓုခေါ်ဆို ကုသိုလ်အမျှရကြပါစေ🙏 “ဆိုပြီး ပြောထားပါတယ်။

အဆိုတော် ထူးအယ်လင်း တို့ရဲ့ အလှူပုံရိပ်ကလေးတွေကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source;htoo el lynm

Comments are closed.