အရမ်းလှတဲ့ မြန်မာပြည်ကို လာလည်ဖို့ ဖိတ်ခေါ်လိုက်တဲ့ မြန်မာနိုင်ငံသားချောချောလေး ပိုင်တံခွန်

အရမ်းလှတဲ့ မြန်မာပြည်ကို လာလည်ဖို့ ဖိတ်ခေါ်လိုက်တဲ့ မြန်မာနိုင်ငံသားချောချောလေး ပိုင်တံခွန်

လတ်တလော နှုတ်ခမ်းနီမလေးတွေကြားမှာ အရမ်းရေပန်းစားနေတဲ့ မော်ဒယ် မင်းသားချောလေး ပိုင်တံခွန်ကတော့ သူ့ရဲ့လူမှုဆက်ဆံရေးကြောင့်ရော၊ ကြည့်ကောင်းလှတဲ့ ရုပ်ရည်ကြောင့်ပါ ပိုပိုပြီး အောင်မြင်လာသူတစ်ဦးပါ။ လတ်တလောမှာတော့ ပိုင်တံခွန်က မြန်မာနိုင်ငံသားပီပီ အရမ်းကို သာယာလှပတဲ့ မြန်မာနိုင်ငံကြီးကို လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်တာ တွေ့ရပါတယ်။ နိုင်ငံခြားအထိပါ အောင်မြင်နေတဲ့ မင်းသားတစ်ဦးအနေနဲ့ အခုလို ကိုယ့်နိုင်ငံကို ဘယ်လောက်ချစ်ကြောင်း ပြသခဲ့တဲ့ ပိုင်တံခွန်ကိုတော့ ပရိသတ်တွေက အရမ်းကို အချစ်ပိုနေကြတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ခန့်ညားလွန်းတဲ့ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်နဲ့ မြန်မာနိုင်ငံရဲ့အလှအပတွေကို ပေါင်းစပ်ထားတဲ့ အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ ““အကြိမ်တစ်ရာမက ကြားရခြင်းထက် တစ်ကြိမ်လေးသာ မြင်ရခြင်းဟာ သာ၍ကောင်းပါတယ်”…..ဒါစာသားလေးက ကျွန်တော့်ကို ခရီးမကြာခဏထွက်ဖြစ်အောင် စိတ်ခွန်အားပေးနေကျပါပဲ…ကျွန်တော့်အကြိုက်ဆုံး အဆိုအမိန့်တွေထဲက တစ်ခုပေါ့…..ပြီးတော့ ကျွန်တော့်ရဲ့ ပရိတ်သတ်တွေအားလုံးကိုလည်း ဒီစာသားလေးအတိုင်း လိုက်ကျင့်စေချင်မိတယ်…ကမ္ဘာပေါ်မှာ လည်ပတ်ဖို့ စူးစမ်းလေ့လာဖို့ နိုင်ငံပေါင်းရာကျော်ရှိပါတယ်….ကျွန်တော်ကတော့ မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် မြန်မာပြည်ကိုလာလည် စေချင်တယ်….ဘာလို့လဲဆိုတော့ မြန်မာပြည်ကြီးဟာ ဘယ်လောက်လှပပြီး ဘယ်လောက်မှင်သက်စရာ ကောင်းလဲဆိုတာ ကို ကျွန်တော့်ပရိတ်သတ်တွေကို မြင်စေ သိစေချင်လို့ပါပဲ….. ဒါကြောင့် မြန်မာပြည်ထဲက နေရာအချို့ကိုဖော်ပြပေးလိုက်ပါတယ်….” ဆိုပြီး မြန်မာပြည်ကို လာလည်ဖို့နဲ့ ခရီးတွေ သွားကြဖို့ တိုက်တွန်းထားတာပါ။

ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့ ပိုင်တံခွန်ကတော့ မကြာခဏဆိုသလို အလှူအတန်းတွေ၊ ပရဟိတအလုပ်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်တတ်သူတစ်ဦးပါ။

ပိုင်တံခွန်ပြောသလိုပဲ မြန်မာနိုင်ငံရဲ့အလှအပတွေကလည်း အရမ်းကို ရင်သပ်ရှုမောဖွယ်ကောင်းတာမို့ သွားရောက်လည်ပတ်သင့်တာကတော့ အမှန်ပါပဲနော်။ လတ်တလောမှာတော့ ပိုင်တံခွန်က မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း လှပတဲ့ ရှုခင်းတွေနဲ့ မြန်မာပြည်သား ချောချောလေး ပိုင်တံခွန်ကို ကြွေရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Paing Takhon’s Facebook, Ref&credit:momolay.com

Comments are closed.