ရန်ကုန် မျက်မမြင် ကျောင်းမှာ မုန့်ဟင်းခါးကျွေးအလှူလုပ်ရင်း မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့တဲ့ Sinon Loresca

ရန်ကုန် မျက်မမြင် ကျောင်းမှာ မုန့်ဟင်းခါးကျွေးအလှူလုပ်ရင်း မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့တဲ့ Sinon Loresca

မြန်မာနိုင်ငံကို ချစ်မြတ်နိုးပြီး သဘောကျလို့ ဒုတိယ အကြိမ်ပြန်လည် ရောက်ရှိလာတဲ့ Sinon Loresca ဟာ ဆိုရင် မြန်မာပရိသတ်တွေ ရရှိပိုင်ဆိုင်ထားသူပါ။ Sinon Loresca ကို မြန်မာ ပရိသတ်တွေက သူ့ရဲ့ အမိုက်စား Catwalk လျှောက်နည်းတွေ၊ ဟာသဗီဒီယိုတွေကြောင့် မြန်မာပရီသတ်တွေရဲ့ ရင်းနှီးနေတာပါ။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်ကြီးအတွက် Sinon Loresca အလှူပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Sinon Loresca မြန်မာပြည်ကို ရောက်ရှိလာချိန်မှာ မြန်မာ ပရိသတ်တွေရဲ့ နွေးထွေးကြိုဆိုမှုကြောင့် အရမ်းကို ကျေနပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာပြည်က ပြန်သွားတဲ့အချိန်မှာလည်း သူပြန်လာမယ်လို့ ပြောခဲ့တဲ့အတိုင်းပဲ မြန်မာပြည်ကို နောက်ထပ်တစ်ခေါက် ပြန်ရောက်လာပါပြီ။

Sinon Loresca က မြန်မာနိုင်ငံသားတွေက သူ့အပေါ်နွေးထွေးစွာ ဆက်ဆံလို့ မြန်မာနိုင်ငံကို ချစ်တယ်လို့ဆိုပါတယ်။ မြန်မာ နိုင်ငံ ရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်း သူချစ်ကြောင်းပြောထားသလို ပရဟိတများစွာကိုလည်း လုပ်ကိုင်သူပါ။

ဒီတစ်ခါမှာလည်း ပရဟိတ စိတ်ရှိတဲ့ Sinon Loresca က ရန်ကုန် မျက်မမြင် ကျောင်းမှာ မုန့်ဟင်းခါးကျွေးအလှူလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Sinon Loresca က မျက်မမြင်ကလေးတွေကို မုန့်ဟင်းခါးအလှူလုပ်ရင်း မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ရန်ကုန် မျက်မမြင် ကျောင်းမှာ မုန့်ဟင်းခါးကျွေးအလှူလုပ်ရင်း မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့တဲ့ Sinon Loresca

Sinon Loresca ရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကို ပရိသတ်တွေ သဘောကျမှာပါ။ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;Sinon Loresca, Ref&Crd:momolay.com

Comments are closed.