Paris မြို့ရဲ့ လမ်းမပေါ်မှာ နိုင်ငံခြားသူလေးတစ်ယောက်လို အထာကျကျတွေ့ရတဲ့ နေခြည်ဦး

Paris မြို့ရဲ့ လမ်းမပေါ်မှာ နိုင်ငံခြားသူလေးတစ်ယောက်လို အထာကျကျတွေ့ရတဲ့ နေခြည်ဦး

မြန်မာနိုင်ငံရဲ့ Social Influencer တစ်ဦးဖြစ်တဲ့ နေခြည်ဦးက Make Up Blogger တစ်ဦးအဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အောင်မြင်သူလေး ဖြစ်ပါတယ်။ နေခြည်ဦးက (၃) နှစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ပရိသတ်အခိုင်အမာ ရရှိနေတာ ဖြစ်ပါတယ်။ နေခြည်ဦးက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေအပြင် အခြားသော လှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးက လက်ရှိမှာတော့ ပြင်သစ်နိုင်ငံ Paris မြို့မှာ ကျင်းပပြုလုပ်တဲ့ Paris Fashion Week 2019 Show ကြီးကို L’Oréal Paris Myanmar အဖွဲ့နဲ့အတူတူ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက်ဖို့ ပဲရစ်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

နေခြည်ဦးက သူမရဲ့ ပဲရစ်ရောက်အမှတ်တရတွေကို အခုလိုပဲ ပြောပြထားပါတယ်။ “မနေ့က မနက် ၉:၃၀ လောက်မှာ ချစ်ရတဲ့ ပြင်သစ်ကို တစ်ဖန်ရောက်ရှိလာပြန်ပြီပေါ့။ ဒီတစ်ခေါက်ခံစားချက်ကတော့ အရင်နဲ့ မတူဘဲ အင်အားတွေပြည့်နေတယ်။ ရန်ကုန်ကနေ အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးနေတဲ့ Beautybynaychi Management Team ရော paris အထိပါ ပါလာပြီး ကြီးကြပ်ပေးနေတဲ့ သင်ဇာကောကြောင့် ဘဝက တော်တော်လေး ပေါ့ပါးတယ်။”

“ဒီတစ်ခေါက်တော့ Airbnb ကရှာထားတဲ့ Apartment အကြီးကြီးတစ်ခုမှာ နေလိုက်တယ်။ တော်တော်လေး အဆင်ပြေပါတယ်။ ဒီလို တကယ့်စပယ်ရှယ်ကြီးဘဲ ဖြစ်အောင်ထားပေးတဲ့ L’Oréal Paris Myanmar Team ကိုလဲ အရမ်းကျေးဇူးတင်တယ်။

“တိုက်ခန်းရောက်ရောက်ချင်း အချိန်ကြည့်တော့ နေ့လည် ၁၂ ထိုးပြီးသွားတာနဲ့ ဘာမှမစားနိုင်ဘဲ ချိန်းထားတဲ့ designer brands တွေနဲ့ သွားတွေ့ခဲ့တယ်။ ပြီးတော့ တိုက်ခန်းနားလျှောက်ပတ်လည်ခဲ့တာပေါ့။”

“အဲ့အတွက် paris က respectful street designer တွေရဲ့ pieces တွေနဲ့ ဒီနေ့ powerful look ကိုဝတ်ခဲ့တယ်။ ဆံပင်ကပိုကယိုကို bold ဖြစ်တဲ့ L’oreal Rouge Signature နှုတ်ခမ်းနီ အရောင် 114 I EXPLORE နဲ့ ထိန်းထားတယ်။”

“ဘယ်လိုလဲ powerful woman look အသွင်ဖြစ်နေရဲ့လား။ ဒီနှစ်ကတော့ oversized trend က attention မပေးလို့ကို မရတဲ့ နှစ်တစ်နှစ်လေ။ နေခြည့် စတိုင်နဲ့ကတော့ ကွက်တိဘဲ။” ဆိုပြီး ပြောလာပါတယ်။

နေခြည်ဦးကတော့ Paris မှာ Oversized Fashion နဲ့ နိုင်ငံခြားသူတွေ ရှုံးရအောင်ကို မိမိုက်နေတာပဲနော်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ နောက်ထပ်ဖက်ရှင်တွေကို ဆက်လက်စောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Nay Chi Oo’s fb, Ref&Crd:momolay.com

Comments are closed.