“ကိုကျော်ကအရမ်းနုတော့ ဆက်နုဖို့ တာဝန်ကြီးလားတဲ့” ဆိုတဲ့ မေးခွန်း ကို ဖြေရခက်ခဲ့တဲ့ မင်းမော်ကွန်း

“ကိုကျော်ကအရမ်းနုတော့ ဆက်နုဖို့ တာဝန်ကြီးလားတဲ့” ဆိုတဲ့ မေးခွန်း ကို ဖြေရခက်ခဲ့တဲ့ မင်းမော်ကွန်း

ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချော မင်းမော်ကွန်းက ရာစုနှစ်များစွာ အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူပါ။ မင်းမော်ကွန်းက ဆယ်ကျော်သက်အရွယ်ထဲက အနုပညာလောကထဲ ကို ဝင်ရောက်ခဲ့ပြီး အကယ်ဒမီဆုကြီးကိုလည်း ဆွတ်ခူးထားသူ ဖြစ်ပါတယ်။ မင်းမော်ကွန်းက သရုပ်ဆောင်လောကမှာသာမက သူ့ရဲ့ မြေပဲယိုအဖွဲ့နဲ့လည်း သီချင်းတွေသီဆိုရင်း အောင်မြ င်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၂၆) ရက်နေ့ နံနက်ပိုင်းမှာတော့ မင်းမော်ကွန်းက ” နှင်းဆီလှေ” အငြိမ့်သဘင် စာနယ်ဇင် းမိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို တက်ရောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ထိုပွဲမှာ မင်းမော်ကွန်းကို သတင်းထောက်တစ်ယောက် မေးထားတဲ့ မေးခွန်းကြောင့် မင်းမော်ကွန်းခမျာ ရယ်ရခက်၊ ငိုရခက် ဖြစ်ခဲ့ပါတယ်။ မင်းမော်ကွန်းက သူ့ရဲ့ အဖြစ်လေးကို အခုလိုပဲ ပြောပြလာပါတယ်။

မင်းမော်ကွန်းက “ဒီနေ့အကြိုက်ဆုံးအင်တာဗျူးမေးခွန်း…ကိုကျာ်ကအရမ်းနုတော့ ဆက်နုဖို့ တာဝန်ကြီးလားတဲ့။ ကဲ ဘယ်လိုဖြေရပါ့😂” ဆိုပြီး သူ့ရဲ့ ရယ်စရာအဖြစ်အပျက်ကို အခုလို ပြောပြထားပါတယ်။

မင်းမော်ကွန်းက ငယ်ရွယ်စဉ်ကတည်းက အခုအရွယ်ထိ ရုပ်ပြောင်းသွားခြင်းမရှိပဲ နုပျိုနေ ဆဲဖြစ်တာမို့ ပရိသတ်တွေက အရမ်းစိတ်ဝင်စားပြီး ချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း မင်းမော်ကွန်းရဲ့အဖြစ်လေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။

Rowena
Source: Min Maw Kun’s fb , Ref&Credit:momolay.com

Comments are closed.