မွတ်စလင် သွေးပါတာကို ဖုံးကွယ် ထားစရာမရှိဘူး ဆိုတဲ့ ခင်ရူပ
[UNICODE FONT]
နိုင်ငံကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ ခင်ရူပဟာ နိုင်ငံခြားသူလေး တစ်ယောက်လို မျက်နှာအနေအထားနဲ့ ခန္ဓာကိုယ်အချိုးအစား ပိုင်ဆိုင်ထားသူတစ်ဦးပါ။ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ စတိုင်လန်းလန်းလေးတွေကလဲ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ခင်ရူပကို ယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးကြပါတယ်။
ခင်ရူပဟာ မကြာသေးခင်ကပဲ သူမနဲ့ ငါးနှစ်ကြာလက်တွဲခဲ့တဲ့ချစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ကျသွားပြီဖြစ်ပေမယ့် ခင်ရူပဟာ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေဆဲပါ။
အနောက်တိုင်းဆန်တဲ့ မျက်နှာအနေအထားကြောင့် ခင်ရူပရဲ့ လူမျိုးနဲ့ ပက်သတ်ပြီး တစ်ချို့သော ပရိသတ်တွေက ဇဝေဇဝါဖြစ်ကြပါတယ်။
ခင်ရူပဟာ သူမကို မူစလင်နဲ့တူတယ်လို့ပြောတဲ့ ပရိသတ်တစ်ယောက်ရဲ့အမေးကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပါထားပါတယ်။ “ဟဟ ကျမက ပေါ်တင်သမားနော် ဖုံးကွယ်စရာဘာမှမရှိဘူး။ သိတဲ့သူတွေလည်းသိတယ်။ အဖေက မြန်မာ မူစလင် , အမေက တစ်မျိုးလုံးဗုဒ္ဓ အဖေနဲ့ယူတော့ မူစလင်ဖြစ်တယ်။ အဖေနဲ့တူတယ်လုပ်စမ်းပါဟအာ့လို စပ်လို့ကို လှနေတာတောင်ကျေနပ်တာငယ်ငယ်ထဲကငယ်ငယ်တုန်းက အဖေဘာသာကိုးကွယ်တယ်။ ဘာမှတော့ သေချာမတတ်မြောက်ခဲ့ဘူး။ ဒါပေမယ့် ယုံကြည်ခဲ့တယ်။ မစော်ကားဘူး အဖေနဲ့အမေကွဲတော့ တရားဝင် ဗုဒ္ဓဘာသာကူးပြောင်းခဲ့တယ် မှတ်ပုံတင်ပါ အပါအဝင်…ဘာသာက အရေးမကြီးဘူးနော်။ ဘာသာတိုင်းကောင်းတယ် လူတွေဘဲအမျိုးစုံဖျက်နေကြတာအခုတော့ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်တယ်။ မတတ်တာမရှိအောင်အကုန်သင်ယူလေ့လာတယ်။ယောကျာ်းက တရုတ်ဗုဒ္ဓကိုယူထားပါတယ်ရှင့်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြထားပါတယ်။
ပွင့်ပွင့်လင်းလင်းရှိလှတဲ့ မော်ဒယ်မလေး ခင်ရူပကတော့ သူမရဲ့ဘဝအကြောင်းနဲ့ပက်သတ်ပြီး ချွင်းချန်ထားခြင်းမရှိပဲပြောပြထားခဲ့ပါတယ်။ပရိသတ်ကြီးလဲ ဒီပိုစ့်လေးကို သဘောကျကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။