ခန္ဓာကိုယ်ကောက်ကြောင်းအလှ ပေါ်လွင်စေတဲ့ ဝတ်စုံလေးဝတ်ပြီး ပဲရစ်မြို့မှာ လှနေတဲ့ နေခြည်ဦး

ခန္ဓာကိုယ်ကောက်ကြောင်းအလှ ပေါ်လွင်စေတဲ့ ဝတ်စုံလေးဝတ်ပြီး ပဲရစ်မြို့မှာ လှနေတဲ့ နေခြည်ဦး

နိုင်ငံကျော် Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးက သူမရဲ့ ထူးချွန်ထက်မြတ်တဲ့ စွမ်းရည်ကြောင့် အချိန်တို တစ်ခုအတွင်းမှာ အောင်မြင်မှု ရရှိလာသူ တစ်ဦးပါ။ နေခြည်ဦးက အခုဆို နိုင်ငံကျော် မင်းသမီးတစ်ဦးဖြစ်လို့နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားကို လက်မလည်အောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ပရိသတ်တွေကလည်း သူမရဲ့ လှုပ်ရှားမှုမှန်သမျှကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြတာပဲ ဖြစ်ပါတယ်၊

နေခြည်ဦးက လက်ရှိမှာတော့ ပြင်သစ်နိုင်ငံ Paris မြို့မှာ ကျင်းပပြုလုပ်တဲ့ Paris Fashion Week 2019 ကို L’Oreal Paris Myanmar Team နဲ့အတူတူ မြန်မာနိုင်ငံ ကိုယ်စားပြုအေ နနဲ့ တက်ရောက်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နေခြည်ဦးက သူမရဲ့ ကိုယ်လုံးအလှကို ပေါ်လွင်စေတဲ့ အဝါရောင် Bodysuit နဲ့ Paris မြို့မှာ တွေ့ရတာပဲ ဖြစ်ပါတယ်။ နေခြည့်ရဲ့ စတိုင်လ်ကတော့ Paris မြို့လည်ခေါင်က တိုက်ကြီးတွေနဲ့ လိုက်ဖက်စွာ လှနေတာကို တွေ့ရပါတယ်။

နေခြည်ဦးက ပြီးခဲ့တဲ့ Paris Fashion Week 2018 တုန်းကလည်း တက်ရောက်ခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ပြင်းပြင်းထန်ထန် ရရှိခဲ့တာ ဖြစ်ပါတယ်။

နေခြည်ကတော့ အမိုက်စားပုံလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ Paris ရောက် ပုံရိပ်တွေကို သဘောကျ နှစ်ခြိုက်ကြမယ် ထင်ပါတယ်နော်။

Rowena
Source: Nay Chi Oo’s fb, Crd:momolay.com

Comments are closed.