စွာတေးလန်သူဠေးသမီးလေး မေထက်ချိုအဖြစ် တွေ့မြင်ရတဲ့ မေမြင့်မိုရ်

စွာတေးလန်သူဠေးသမီးလေး မေထက်ချိုအဖြစ် တွေ့မြင်ရတဲ့ မေမြင့်မိုရ်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ အောင်မြင် မှုတွေ ရရှိထားသူလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အမြဲတမ်းလိုလို ပြုံးနေတဲ့ မေမြင့်မို ရ်ကို ပရိသတ်တွေက တစ်နေ့တစ်ခြား ချစ်ခင်ကြတာကို တွေ့ရပါတယ်။ မေမြင့်မိုရ်က လက်ရှိ မှာ လည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက် ရှိပါတယ်။

လတ်တလော MRTV 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေတဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲမှာ မေမြင့်မိုရ်လည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

မေမြင့်မိုရ်က “ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲမှာ ပညာတတ်ပြီး မဟုတ်မခံ သူဠေးသမီးလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

မေမြင့်မိုရ်က “”ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲလေး ဘာဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းပေးနော်” ဆိုပြီး ပြောထားပါတယ်။

မေမြင့်မိုရ်ကတော့ မေထက်ချိုဆိုတဲ့ သူဠေးသမီးကာရိုက်တာလေးနဲ့ အရမ်းလိုက်ဖက်တာ ပဲနော်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ် ပါဝင်သရုပ်ဆောင်ထားတဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲလေးကို ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော်။

Rowena
Source: May Myint Mo’s fb, Ref&Crd:momolay.com

Comments are closed.