နှစ်သစ်မှာ ပထမဆုံး ပွဲထွက်လာခဲ့ တဲ့ သင်ဇာဝင့်ကျော်ရဲ့ ပြောင်းလဲ သွားတဲ့ ဖက်ရှင်အသစ်
Photos-Amazing Grace
[Unicode]
၂၀၁၈ ခုနှစ်တစ်နှစ်လုံးမှာ ပရိသတ်တွေနဲ့မီဒီယာတွေရဲ့အာရုံအစိုက်ခံရဆုံးသူတစ်ဦးဖြစ်လာတဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ပွဲတက်ဖက်ရှင်ကို နှစ်သစ်မှာပုံစံတစ်မျိုးပြောင်းလဲလိုက်တာတွေ့ရပါတယ်။ သူမရဲ့ပွဲတက်ဖက်ရှင်တွေဟာ အများအားဖြင့် ခပ်ဟော့ဟော့ဝတ်စားဆင်ယင်မှုဖြစ်ပြီးတော့ ပွဲတက်ဖိတ်ကြားသူတွေရဲ့ တောင်းဆိုချက်အရ ဒီလိုမျိုးဝတ်ဆင်ရကြောင်းလည်း သူမက ဖြေဆိုထားဖူးပါတယ်။
၂၀၁၈ ခုနှစ်မှာ အနည်းငယ်များခဲ့တယ်လို့ထင်ရတဲ့ သူမရဲ့ဖက်ရှင်တွေအတွက်လည်း ၂၀၁၉ ခုနှစ်မှာ အရမ်းဟော့တာတွေကို ရှောင်သွားမယ်လို့ ၂၀၁၈ နှစ်ကုန်ခါနီးလောက်မှာ သူမက ပြောခဲ့ပါတယ်။ ဒီတခါ ဘားတစ်ခုရဲ့ ဖွင့်ပွဲကိုတက်ရောက်ခဲ့တဲ့ သင်ဇာဝင့်ကျော်ဟာ ၂၀၁၉ ခုနှစ်ရဲ့ပထမဆုံး ပွဲတက်ဖက်ရှင်တစ်ခုကို ပြန်ချပြလိုက်ပါပြီ။
အရင်နဲ့မတူတော့တဲ့ ဖက်ရှင်တစ်မျိုးကိုပရိသတ်တွေတွေ့မြင်ရမှာဖြစ်ပြီးတော့ သူမစကားအတိုင်း အရမ်းဟော့တဲ့ဖက်ရှင်တွေကို ရှောင်ထားတာလည်း မြင်တွေ့ရမှာပါ။
ပရိသတ်ကြီးအတွက်ဘားတစ်ခုရဲ့ဖွင့်ပွဲမှာတွေ့ရတဲ့သင်ဇာလေးရဲ့ဖက်ရှင်ကိုဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele
Photos-Amazing Grace