ချစ်ခင်ရသူတွေဆီက တန်ဖိုးမဖြတ် နိုင်တဲ့ မွေးနေ့လက်ဆောင်တွေကို ရရှိခဲ့တဲ့ ခိုင်သင်းကြည်

ချစ်ခင်ရသူတွေဆီက တန်ဖိုးမဖြတ် နိုင်တဲ့ မွေးနေ့လက်ဆောင်တွေကို ရရှိခဲ့တဲ့ ခိုင်သင်းကြည်

နိုင်ငံကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်သင်းကြည်က ငယ်စဉ်ကတည်းက အနုပညာလော ကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး အခုချိန်ထိတိုင် အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က အကယ်ဒမီဆုကြီး နှစ်ဆုကို ပိုင်ဆိုင်ထားပြီး လက်ရှိအချိန် ထိတိုင် ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်မလည်အောင် ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်သင်းကြည်က ထွန်းအိန္ဒြာဗို၊ ခန့်စည်သူတို့နဲ့အတူတူ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်း ကိုလည်း တည်ထောင်တားတာ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၂၇) ရက်နေ့ကတော့ ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က သူမရဲ့ မွေးနေ့မှာ ချစ်ရတဲ့ ခင်ပွန်းနဲ့ ပရိသတ်တွေဆီက အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးကြီးလက်ဆောင်တွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ခိုင်သင်းကြည်က ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ဆီက သူမရဲ့ နာမည်လေးနဲ့ I ❤️ KTK ဆိုတဲ့ စာသားလေးပါတဲ့ Dior အိတ် လှလှလေးကို မွေးနေ့လက်ဆောင် ရရှိခဲ့တာ ဖြစ်ပါတယ်။

ခိုင်သင်းကြည်ရဲ့ အစ်မတွေကတော့ ခိုင်သင်းကြည်အတွက် နားကပ်လေးနဲ့ ချစ်စရာကောင်းတဲ့ မွေးနေ့ကိတ်လေးကို လက်ဆောင်ပေးခဲ့သလို ပရိသတ်တွေကလည်း သူတို့ချစ်တဲ့ Idol ကြီး ခိုင်သင်းကြည်အတွက် မွေးနေ့လက်ဆောင်တွေ အသီးသီး ပေးခဲ့ပါတယ်။

ခိုင်သင်းကြည်ကတော့ ချစ်ခင်ရတဲ့ မိသားစုတွေနဲ့ ပရိသတ်တွေကြောင့် မွေးနေ့မှာ အပျော်ရွှင်ဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း ခိုင်သင်းကြည်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Rowena
Source: Khine Thin Kyi’s fb , Ref&Credit:momolay.com

Comments are closed.