ကမ္ဘာကျော် အတွင်းခံဆိုင်ကြီးမှာ သွားရောက်လေ့လာလည်ပတ်ခဲ့တဲ့ နေခြည်ဦး

ကမ္ဘာကျော် အတွင်းခံဆိုင်ကြီးမှာ သွားရောက်လေ့လာလည်ပတ်ခဲ့တဲ့ နေခြည်ဦး

သွက်လက်ချက်ချာပြီး ထက်မြက်လွန်းတဲ့ မိန်းကလေး နေခြည်ဦးက သူမရဲ့ အလုပ်ကို မြတ်နိုး တန်ဖိုးထားသူတစ်ယောက် ဖြစ်ပါတယ်။ နေခြည်ဦးက ရုပ်ရှင်မင်းသမီးတစ်ယောက် အနေနဲ့ သာမက Beauty Blogger၊ Influencer တစ်ဦးအဖြစ်လည်း အောင်မြင်ကျော်ကြားပြီး ပရိသတ်အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ နေခြည်ဦးက လက်ရှိမှာတော့ ပြင်သစ်နိုင်ငံ Paris မြို့ကို Paris Fashion Week ကို တက်ရောက်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

နေခြည်ဦးက ပြင်သစ်ရောက်ခိုက် ကမ္ဘာကျော် အတွင်းခံဆိုင်ကြီးဆီ သွားရောက်လည် ပတ်ခဲ့ vတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ “ဘရာစီယာ တစ်ထည်ကို ပျမ်းမျှအားဖြင့် မြန်မာငွေ ၆ သိန်းကျပ်ဝန်းကျင် ကျသင့်တယ်ဆို ဝယ်ဝတ်မှာလား ? You are what you wear တဲ့ ဆိုလိုတာကတော့ သင့်ရဲ့ဝတ်ပုံစားပုံက သင့်အကြောင်းကိုပြောပြနေတယ်။”

နေခြည်ဦးက La Perla ဆိုတဲ့ lingerie brand က ဖိတ်ကြားလို့ သွားရောက်လည်ပတ်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးက ” La Perla ရဲ့ history background တွေ creation house တွေသုံးထားတဲ့ laser cut lace တွေနဲ့ အဖိုးတန် lace pattern အကြောင်းတွေ အတွင်းခံ အင်္ကျီတစ်ထည်အတွက် သူတို့ရဲ့ အနုပညာ art work တွေက ဒီလောက် အသေးစိတ်လွန်းလှပါလားဆိုပြီး အများကြီး သိခဲ့ရပါတယ်။ ” လို့ မျှဝေထားပါတယ်။

နေခြည်ဦးကတော့ Paris မှာ ဈေးဝယ်ထွက်ရင်း သူမသိချင်တဲ့ Brand တွေရဲ့ အကြောင်းကို လေ့လာခွင့်ရခဲ့လို့ တော်တော်လေး ကျေနပ်ပျော်ရွှင်နေပုံပါပဲ။

ဆိုင်ကြီးက ခမ်းနားလိုက်တာနော်

နေခြည်ဦးကတော့ Paris မှာ တော်တော်လေး ပျော်နေတဲ့ပုံပဲနော်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ပုံရိပ်တွေကို သဘောကျနှစ်ခြိုက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Nay Chi Oo’s fb, Ref&Credit:momolay.com

Comments are closed.