Let Me Kiss Youသီချင်းလေးကို အမိုက်စားကပြပြီး စင်မြင့်ပေါ်မှာ တက်တက်ကြွကြွဖျော်ဖြေခဲ့တဲ့ ပိုပို

Let Me Kiss Youသီချင်းလေးကို အမိုက်စားကပြပြီး စင်မြင့်ပေါ်မှာ တက်တက်ကြွကြွဖျော်ဖြေခဲ့တဲ့ ပိုပို

Pop သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အဆိုတော်မလေးကတော့ ပိုပိုပါ။ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ အသံလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အချိန်ထခဏတွင်းမှာရရှိခဲ့ပြီး အပြင်မှာလည်း အရမ်းကို သဘောကောင်းပြီး ချစ်စရာကောင်းတဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေတဲ့ MTVရိုက်ကူးမှုပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ရင်ခုန်အောင် ဆွဲဆောင်ခဲ့ပါသေးတယ်။


ယခုလည်း ပခုက္ကူမြို့ကို ရောက်နေတဲ့ ပိုပိုက ပခုက္ကူက ပရိသတ်တွေအတွက် အပြတ်အ သတ်ေ ဖျာ်ဖြေခဲ့တဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ ပိုပိုက သူမရဲ့ သီချင်းကောင်းလေး တစ်ပုဒ်ဖြစ်တဲ့ Let Me Kiss Youသီချင်းလေးကို ခပ်မိုက်မိုက် Dancerမလေး နှစ်ဦးနဲ့ အတူ စင်မြင့်ထက်မှာ ကပြဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ တက်ကြွတဲ့ အကတွေနဲ့ စင်မြင့်ထက်မှာ ဖျော်ဖြေနေတဲ့ ပိုပိုရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ ပြန်လည်ကြည့်ရှူနိုင်ဖို့အတွက် တင်ပေးလိုက်ပါပြီနော်။

Source: ပိုပို

Comments are closed.