အကြောက်တရားတွေမရှိအောင် သမီးလေးကို အခုကတည်းက သင်ကြားပေးနေတဲ့ ခိုင်နှင်းဝေ

အကြောက်တရားတွေမရှိအောင် သမီးလေးကို အခုကတည်းက သင်ကြားပေးနေတဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေချစ်တဲ့ ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေက ရုပ်ရှင်ဇာတ်ကားတွေမှာ အားပေးခြင်းခံရရုံသာမက စိတ်ထားလေးပါ လှပသူမို့ ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ဖြစ်ပါ တယ် ။ ခိုင်နှင်းဝေက ပရဟိတအသင်း ဖောင်ဒေရှင်းကိုလည်း တည်ထောင်ထားပြီး အများအ ကျိုး ကို သယ်ပိုးထမ်းဆောင်နေတဲ့ မင်းသမီးလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေလုပ်ကိုင်ရင်း ပရဟိတလုပ်ငန်းတွေကို သင့်တင့် စွာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ သမီးလေး ရွှန်းရတီခိုင်နဲ့ ပျော်ရွှင်စွာ ရေဆော့ခဲ့တဲ့ ပုံရိပ်ေ တွကို မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ခိုင်နှင်းဝေတို့ သားအမိရဲ့ ချစ်စ ရာပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေက “ကျန်တာတွေတော့ မသိဖူး ရေထဲက မတက် ချင်တာ ရေထဲပျော်တာတော့ အမေတူသမီး စစ်စစ်ပဲ။ အကြောက်တရားတွေ မရှိအောင် ဘာဖြစ်ဖြစ် လုပ်ရဲအောင် သမီးလေးကို ရေထဲစမ်းခေါ်သွားကြည့်တာ တကယ်မကြောက်ဖူး ပျော်နေတာ ❤️❤️❤️❤️” ဆိုပြီး မျှဝေထားပါတယ်။


ခိုင်နှင်းဝေကတော့ ချစ်စရာကောင်းတဲ့ သမီးလေးကြောင့် တစ်နေ့တစ်ခြား ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေတို့ သားအမိရဲ့ ပျော်စရာကောင်းတဲ့ ပုံရိပ်တွေကို သေဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ် ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Khine Hnin Wai’s fb, Ref&crd:momolay.com

Comments are closed.