ပုဂံမြို့ဟောင်းကြီးမှာ နန်းဝတ်နန်း စား နဲ့ ခန့်ညားချောမောနေတဲ့ Sinon Loresca

ပုဂံမြို့ဟောင်းကြီးမှာ နန်းဝတ်နန်း စား နဲ့ ခန့်ညားချောမောနေတဲ့ Sinon Loresca


ဒီကနေ့မှာတော့ Sinon Loresca က မြန်မာတို့ရဲ့ ယဉ်ကျေးမှုနယ်မြေ ပုဂံဒေသကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ Sinon Loresca က ပုဂံမှာ ရှေးခေတ်က ပုဂံသားတို့ဝတ်ဆင်တဲ့ ဝတ်စုံကြီးနဲ့ အရမ်းကို ခန့်ညားနေတာ တွေ့ရပါတယ်။

Sinon က ပုဂံကိုရောက်ခိုက် ပုဂံဝတ်စုံလေးကို မြတ်မြတ်နိုးနိုး ဝတ်ဆင်ချင်တယ်လို့ တောင်းဆိုခဲ့တာကြောင့် မြန်မာဒီဇိုင်နာ John က စီစဉ်ဖန်တီးပေးခဲ့တယ်လို့ သိရပါတယ်။

Sinon Loresca ကတော့ သူ့ရဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ ပုဂံဝတ်စုံက အရမ်းကို လိုက်ဖက်နေတာ တွေ့ရပါတယ်။

Sinon Loresca ကတော့ ပုဂံဝတ်စုံနဲ့ အရမ်းခန့်ညားနေတာပဲနော်။ ပရိသတ်ကြီးရော Sinon ရဲ့ ဒီပုံလေးကို သဘောကျရဲ့လား ပြောခဲ့ကြပါဦးနော်။

Rowena
Source: Sinon Loresca & Wai Yan Lin’s fb,Ref&Crd:momolay.com

Comments are closed.