ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိလာဦးမယ့် ချစ်စရာကောင်းတဲ့ MM IDOL ပြိုင်ပွဲဝင် အေးမြဖြူ

ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိလာဦးမယ့် ချစ်စရာကောင်းတဲ့ MM IDOL ပြိုင်ပွဲဝင် အေးမြဖြူ

တစ်နှစ်တစ်ခါ ပရိသတ်တွေ ရင်ခုန်စွာနဲ့ စောင့်မျော်ကြည့်ရှုအားပေးကြတဲ့ Myanmar Idol ပြိုင်ပွဲကြီးက အခုဆိုရင် Season 4 အထိ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Myanmar Idol ပြိုင်ပွဲကြီးမှာ အနယ်နယ်၊ အရပ်ရပ်က ဂီတဝါသနာရှင်တွေက လာရောက်ယှဉ်ပြိုင်ကြပြီး ဒိုင်တွေ ရဲ့ စိတ်အာရုံကို အမျိုးမျိုး ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီးမှ ဝါသနာရှင် ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်ခဲ့ပုံတွေကို ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ ထိုထဲကမှ အသက်(၁၆) နှစ်အရွယ် အေးမြဖြူဆိုတဲ့ မိန်းကလေးကတော့ ပရိသတ်တွေရဲ့ စိတ်အာရုံကို စွဲဆောင်နိုင်ခဲ့ပါတယ်။

အေးမြဖြူက နီနီခင်ဇော်ရဲ့ “ရက်စက်သွားသူ” ဆိုတဲ့ သီချင်းလေးနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒိုင်လူကြီးတွေရဲ့ မှတ်ချက်ကောင်းတွေကို ရရှိခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အေးမြဖြူရဲ့ ပြိုင်ပွဲဝင် သီဆိုမှုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

အေးမြဖြူ – ရက်စက်သွားသူ

အေးမြဖြူကတော့ အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းခွင့်ရသွားပါပြီ။ မိုမိုလေး ပရိသတ်ကြီးရော အေးမြဖြူကို ဆက်လက်ပြီး အားပေးကြဦးမှာလား ပြောခဲ့ကြပါဦးနော်။

Rowena
Source: Myanmar Idol, Ref&Crd:momolay.com

Comments are closed.