တစ်နေ့ထက်တစ်နေ့ဖိုးဖိုးလွင်မိုးနဲ့ပိုပိုတူလာပြီးအသည်းယားစရာကောင်းလောက်အောင်ချစ်ဖို့ကောင်းလာတဲ့Liam လေး

တစ်နေ့ထက်တစ်နေ့ဖိုးဖိုးလွင်မိုးနဲ့ပိုပိုတူလာပြီးအသည်းယားစရာကောင်းလောက်အောင်ချစ်ဖို့ကောင်းလာတဲ့Liam လေး

အသက်ငယ်သေးပင်မယ့်လည်း ပရိသတ်တွေအားလုံးတုန်နေအောင် ချစ်ရသူလေးက တော့ ယွန်းဝတီလွင်မိုးရဲ့သားချောလေး လွင်ထက်(ခ) Liam လေးပါ။ လီလီလုံးလေးရဲ့ လှုပ်ရှားမှုတိုင်းဟာလည်း အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းလွန်း နေတာပါ။ 

သားလေးကတော့ ဖိုးဖိုး၊ဖွားဖွားတို့ရဲ့ပြုစုစောင့်ရှောက်မှုတွေနဲ့အပြည့်အဝရရှိထားတာဖြစ်ပြီး ဖေဖေနဲ့မေမေတို့က ပြည်ပတွင် ကျောင်းသွားတက်နေတာဖြစ်တာကြောင့် အမြဲတမ်း Video Call ပြောရင်းနဲ့သာ အလွမ်းသည်နေရတာပါ။ ဖွားဖွားမေသူကလည်း သားလေးရဲ့လှုပ်ရှားမှု ပုံရိပ်များနဲ့ဗီဒီယိုလေးများကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှပေးနေတာပါ။ 

အခုတစ်ခေါက်မှာလည်း ထမင်းစားဖို့စောင့်နေတဲ့ပုံရိပ်လေးကို ဝေမျှထားတာပါ။ သား လေး ဟာ တစ်နေ့ထက်တစ်နေ့ဖိုးဖိုးလွင်မိုးနဲ့ရုပ်ချင်းဆင်ဆင်လာတာပါ။ ပရိသတ်တွေ အတွက် Liam လေးရဲ့ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူး ယူတင်ဆက်ပေးလိုက် ပါတယ်။

Photo Credit- May Thu’s Facebook ( Liam’s Fans Group) And Yunwaddy’s IG 

Comments are closed.