
ခွလေကျထုံကဉြျသူမြားအတှကျ ကိုယျတှေ့ပြောကျခဲ့သညျ့ မွနျမာေ ဆး နညျး
(Zawgyi)
ကိုက်ခဲထုံကျဉ် ဖြစ်ခဲ့လျှင်
ခြေလက်ထုံကျဉ်သူများ သက်သာပျောက်ကင်းကြသည်မှာ ကိုယ်တွေ့ရှိပါ၏။ မြန်မာ့ဆေးမြီး တို များ စာအုပ်တွင် ရေးသားဖေါ်ပြထားသော ဆေးနည်းတိုလည်း ဖြစ်ပါသည်။ မိမိကိုယ်တိုင် စမ်းသပ်သောက်သုံးဖူးသလို မကြာခဏ ထုံကျဉ်ကိုက်ခဲသူများကိုလည်း ဝေမျှပေးခဲ့ရာ ထုံကျဉ်ကိုက်ခဲခြင်းများသက်သာလျော့ပါး ပျောက်ကင်းသည်ဟု ဆိုပါ၍ လိုသူတို့သုံးနိုင်ရန် တင်ပြလိုက်ပါသည်။

(ဆေးသောက်ရန်အတွက် ဆေးအညွှန်းတွင် ဂုန်ညင်း(ခုံညင်း)မျှ သောက်ကြည့်ရန် ညွှန်းသောကြောင့် မိမိကိုယ်တိုင် ဆေးရည်သောက်သုံးရာတွင် ဟင်းခပ်စတီး(၂)ဇွန်းစာ သောက်သုံးခဲ့ပါသည်)

ဆေးနည်း
- (၁) တရုတ်စကားခေါက် (၂၅)ကျပ်သား
- (၂) ထန်းလျက် (၂၅)ကျပ်သား
- (၃) မန်ကျည်းမှည့် (၂၅)ကျပ်သား
- (၄) ဆား (ဆီးဖြူသီးခန့်)
- (၅) ရေ (၃)ပုလင်း
ဖေါ်ပြပါ အမယ်(၅)မျိုးကို ရေ(၂)ပုလင်းစာ ကျန်သည်ထိကျိုပါ။ စတီးဇွန်း(၂)ဇွန်းမျှသောက်ပါ။ ဓာတ်(၃)ခါလောက် သွားတတ်ပြီး မကြောက်ရန် ဆေးညွှန်းထားပါသည်။
ဆေး(၂)ပုလင်းစာ ကုန်သည်နှင့်ပင် ကိုက်ခဲထုံကျဉ်ခြင်းများ အမှန်ပင် သက်သာပျောက် ကင်းပါ၍ လိုသူ ဝေဒနာရှင်များ အသုံးပြုနိုင်ပါရန် မျှဝေလိုက်ပါသည်။ ဆေးအမယ်တို့မှာ ခက်ခဲခြင်းမရှိပါ။
လိုသူယူသုံး စေတနာအပြုံးဖြင့်Credit-ရဲမျိုးသူ(ဗောဓိမြိုင်)
(Unicode)
ကိုက်ခဲထုံကျဉ် ဖြစ်ခဲ့လျှင်
ခြေလက်ထုံကျဉ်သူများ သက်သာပျောက်ကင်းကြသည်မှာ ကိုယ်တွေ့ရှိပါ၏။ မြန်မာ့ဆေး မြီးတိုများ စာအုပ်တွင် ရေးသားဖေါ်ပြထားသော ဆေးနည်းတိုလည်း ဖြစ်ပါသည်။ မိမိကိုယ် တိုင် စမ်းသပ်သောက်သုံးဖူးသလို မကြာခဏ ထုံကျဉ်ကိုက်ခဲသူများကိုလည်း ဝေမျှပေး ခဲ့ရာ ထုံကျဉ်ကိုက်ခဲခြင်းများသက်သာလျော့ပါး ပျောက်ကင်းသည်ဟု ဆိုပါ၍ လိုသူတို့ သုံးနိုင်ရန် တင်ပြလိုက်ပါသည်။

(ဆေးသောက်ရန်အတွက် ဆေးအညွှန်းတွင် ဂုန်ညင်း(ခုံညင်း)မျှ သောက်ကြည့်ရန် ညွှန်းသောကြောင့် မိမိကိုယ်တိုင် ဆေးရည်သောက်သုံးရာတွင် ဟင်းခပ်စတီး(၂)ဇွန်းစာ သောက်သုံးခဲ့ပါသည်)
ဆေးနည်း
- (၁) တရုတ်စကားခေါက် (၂၅)ကျပ်သား
- (၂) ထန်းလျက် (၂၅)ကျပ်သား
- (၃) မန်ကျည်းမှည့် (၂၅)ကျပ်သား
- (၄) ဆား (ဆီးဖြူသီးခန့်)
- (၅) ရေ (၃)ပုလင်း
ဖေါ်ပြပါ အမယ်(၅)မျိုးကို ရေ(၂)ပုလင်းစာ ကျန်သည်ထိကျိုပါ။ စတီးဇွန်း(၂)ဇွန်းမျှသောက်ပါ ။ဓာတ်(၃)ခါလောက် သွားတတ်ပြီး မကြောက်ရန် ဆေးညွှန်းထားပါသည်။
ဆေး(၂)ပုလင်းစာ ကုန်သည်နှင့်ပင် ကိုက်ခဲထုံကျဉ်ခြင်းများ အမှန်ပင် သက်သာပျော က်ကင်း ပါ၍ လိုသူ ဝေဒနာရှင်များ အသုံးပြုနိုင်ပါရန် မျှဝေလိုက်ပါသည်။ ဆေးအမယ်တို့ မှာ ခက်ခဲခြင်းမရှိပါ။
လိုသူယူသုံး စေတနာအပြုံးဖြင့်,Credit-ရဲမျိုးသူ(ဗောဓိမြိုင်)