တရားဥပဒေမှာ သူခိုးက လူပြန်ဟစ် လို့ရလား” လို့ မေးလာတဲ့ မင်းမော် ကွန်း

တရားဥပဒေမှာ သူခိုးက လူပြန်ဟစ် လို့ရလား” လို့ မေးလာတဲ့ မင်းမော် ကွန်း

ဒီကနေ့မှာတော့ တစ်နိုင်ငံလုံးက ပြည်သူတွေ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ ဗစ်တိုးရီး ယားရဲ့ အမှုနဲ့ပက်သတ်ပြီး သတင်းထူးတစ်ခု ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ ဒေါ်ဥမ္မာ လှိုင်ကနေ ဗစ်တိုးရီးယားလေးရဲ့ ဖခင်၊ ဗစ်တိုးရီးယားလေးရဲ့ ဦးလေး၊ဗစ်တိုးရီးယားလေးရဲ့ အဒေါ်၊ ဒေါ်ရွက်နုအောင်၊ ဦးခင်မောင်ဇော်၊ ဒေါက်တာဝင်းကိုကိုသိန်း( သက္ကမိုးညို) တို့ကို ဒေါ်စုဒါလီကို စွဲဆိုထားတဲ့ ပုဒ်မနဲ့ပဲ ပတ္တာရဲစခန်းမှာ အမှု ဖွင့်ထားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ထိုဖြစ်စဉ်နဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေက အမျိုးမျိုး ဝေဖန်မှတ်ချက်ချနေသလို မကျေမနပ်ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကလည်း ဗစ်တိုး ရီးယားရဲ့ အမှုနဲ့ ပက်သတ်ပြီး အခုလိုပဲ ရင်ဖွင့်ပြောဆိုလာပါတယ်။

“တရားဥပဒေမှာ သူခိုးကလူဟစ်လို့ရလား? တရားဥပဒေမှာ ငဖယ်ကပြောင်းပြန်လုပ် လို့ရလား? တစ်နိုင်ငံလုံးသိနေတဲ့ကိစ္စကို..ကန်တော့ပါရဲ့ ( ? ) ပဲ” ဆိုပြီး ပေါက်ကွဲပြီး ပြောလာပါတယ်။

ဗစ်တိုးရီးယားရဲ့ အမှုက လပေါင်းများစွာတိုင် ပြည်သူတွေရဲ့ အာရုံစိုက်ခြင်း ခံနေရတာဖြစ်ပြီး အနုပညာရှင်တွေကိုယ်တိုင်ကလည်း အားပေးဝန်းရံနေကြတာ ဖြစ်ပါတယ်။

ပရိသတ်ကြီးရော မင်းမော်ကွန်းပြောလာတဲ့အပေါ် ဘယ်လို ထင်မြင်ပါသလဲ?

Comments are closed.