ဟာသဉာဏ်ရွှင်ပြီး ပွင့်လင်းတဲ့ B သွေးလေးတွေရဲ့ အကြောင်းများ

ဟာသဉာဏ်ရွှင်ပြီး ပွင့်လင်းတဲ့ B သွေးလေးတွေရဲ့ အကြောင်းများ

B သွေးလေးတွေဟာ သွက်လက်တယ်၊ ထက်မြက်တယ်၊ ဟာသဉာဏ်ရွှင်တယ်၊ ပွင့်လင်း တယ် ဆိုပြီး လူသိများတဲ့သူတွေပါ။ အမြဲလိုလို ရယ်မောနေတတ်တဲ့ B သွေးလေးတွေရဲ့ အ တွင်းစိတ်ကိုတော့ သိရှိဖို့ခက်ခဲပါတယ်။ ခုဖော်ပြပေးမှာကတော့ B သွေးလေးတွေရဲ့ လူတွေ မသိတဲ့အတွင်းစိတ်ပဲဖြစ်ပါတယ်။

(၁) B သွေးလေးတွေဟာ စိတ်ကူးယဉ်ရတာကိုနှစ်သက်တဲ့သူတွေ ဖြစ်ပါတယ်။ သူများနဲ့မတူ တဲ့စိတ်ကူးစိတ်သန်းတွေရှိပြီး အဲ့ဒီ့အတိုင်းလည်း လက်တွေ့ အကောင်အထ ည် ဖာ်တတ် တဲ့သူတွေဖြစ်ပါတယ်။

(၂) B သွေးလေးတွေဟာ လွတ်လွတ်လပ်လပ်နေတတ်တဲ့သူတွေ ဖြစ်တာကြောင့် ပေါ့ပျက် ပျက် နဲ့ အရာရာကိုအလေးမထားတဲ့သူတွေလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ သေးသေးလေးကအစ လေးလေးနက်နက် တွေးခေါ်တတ်ကြတဲ့သူတွေပါ။

(၃) B သွေးလေးတွေဟာ Over တွေလုံးဝမလုပ်ပါဘူး။ သူများကိုဖားတာ၊ ကပ်တာမျိုး လုံးဝမကြိုက်တဲ့ သူတွေဖြစ်တဲ့အလျောက် သူတို့ဆီကနေ သည်းသည်းလှုပ်ပြတာမျိုးကိုတော့ တွေ့မြင်ရမှာမဟုတ်ပါဘူး။

(၄) B သွေးလေးတွေဟာ ဘယ်လောက်ပဲ နာကျင်နေပါစေ၊ ဆုံးရှုံးမှုတွေကို ဘယ်လောက်ပဲ တွေ့ကြုံရပါစေ အပြုံးပျက်သွားမယ့်သူတွေမဟုတ်ပါဘူး။ နာကျင်မှုတွေကို အပြုံးနဲ့ဖုံးကွယ်ထားတတ်တဲ့သူတွေဖြစ်လို့ အတွင်းစိတ်ကို တော်တော်နားလည်ရ ခက်ပါတယ်။

(၅) B သွေးလေးတွေဟာ အော်တာ၊ ဟောက်တာ လုံးဝမကြိုက်ပါဘူး။ ချိုချိုသာသာပြောရင် အကုန်ရသလောက်၊ အော်ငေါက်ရင်တော့ တမင်ကို ပေကပ်ကပ်နဲ့ နေတတ်ကြတဲ့သူတွေပါ။

(၆) B သွေးလေးတွေဟာ စိတ်မပါတဲ့အရာတစ်ခုကို လုံးဝအောင့်အည်းပြီး မလုပ်နိုင်ကြပါဘူး။ ဒါပေမယ့် စိတ်ဝင်စားပြီဆိုရင်လည်း အအိပ်ပျက်၊ အစားပျက်ခံပြီး အပြောင်မြောက်ဆုံးလုပ်တတ်ကြတဲ့သူတွေပါ။

(၇) B သွေးလေးတွေ ငြိမ်နေပြီဆိုရင်တော့ တစ်ခုခုကို အရမ်းနာကျင်ခံစားနေရလို့ဖြစ်ပါတယ်။ ဒီအချိန်မှာ သူတို့ကို ဒေါသထွက်အောင် မလုပ်မိဖို့သတိထားပါ။ ဒေါသမထိန်းနိုင်တဲ့ သူတွေ မို့ပါ။

(၈) B သွေးလေးတွေဟာ အချစ်နဲ့ပတ်သက်ရင်တော့ အရမ်းကြောက်တတ်တဲ့သူတွေပါ။ ခံစားချက်ကိုမြိုသိပ်ပြီး အဝေးကနေပဲ တိတ်တိတ်လေးချစ်နေမယ့်သူတွေပါ။ သူတို့ဖက်ကနေ စပြီး ဘယ်တော့မှ လမ်းခင်းပေးမှာမဟုတ်ပါဘူး။

(၉) B သွေးလေးတွေဟာ ကိုယ်တိုင်သစ္စာအရမ်းရှိသလို ကိုယ့်အပေါ်မှာလည်း သစ္စာရှိမှ ကြိုက်တာပါ။ သူတို့ကို သစ္စာဖောက်မိရင်တော့ အငြိုးအတေးအရမ်းကြီးတဲ့သူတွေပါ။

Comments are closed.