စိတမွကှညဘွူးဆိုတဲ့ မိနွးမအတှကွ စားခငှတွာလေးတှေ မှို့ပတပွှီး ဝယွေ ပးခဲ့တဲ့ ရှှထေူး

စိတမွကှညဘွူးဆိုတဲ့ မိနွးမအတှကွ စားခငှတွာလေးတှေ မှို့ပတပွှီး ဝယွေ ပးခဲ့တဲ့ ရှှထေူး

ပြည်သူချစ် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုံရတီဟာ တစ်ဦးချင်းဖြစ်စေ နှစ်ယောက် တွဲပြီးဖြစ်စေ ပရိသတ်တွေကြားမှာ ရေပန်းစားသူပါ။ ရွှေထူးနဲ့ ရွှေမှုံရတီက ကျင်လည်တဲ့ အနုပညာနယ်ပယ်ချင်းမတူညီကြပေမယ့် နောက်ပိုင်းမှာတော့ ရွှေထူးက ရုပ်ရှင်ဇာတ်ကားြ ကီးတွေ ရိုက်ကူးသလို ရွှေမှုံကလဲ သီချင်းတွေ သီဆိုနေပြီဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အိမ်ထောင်သက်တမ်း တစ်နှစ်နီးပါးရှိပြီဖြစ်ပြီး တစ်ယောက် အကြောင်းတစ်ယောက် နားလည်ပြီး ပါရမီဖြည့်ပေးနေကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရွှေထူးက ဇနီးချောလေး ရွှေမှုံရတီ စိတ်မကောက်ရအောင် “အချိုစားချင်တယ် ဆိုလို့… နေမကောင်းဘူးလေ စိတ်ကသိပ်မကြည်ဘူး …တဲ့… လိမ္မာပေးရတယ်… စားချင် တာလေးတွေဝယ်ကျွေးရတယ် 😁😂😂😂” ဆိုပြီး သူ့ရဲ့ အဖြစ်လေးကို ဟာသလေးနှောပြီး ပြောထားပါတယ်။

ရွှေထူးက သူ့ထက် (၆) နှစ်ကျော်ငယ်တဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတာမို့ ရွှေမှုံရတီ မျက်နှာတစ်ချက်မညှိုးရအောင် အမျိုးမျိုး ကြိုးစားလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။

ရွှေထူးတစ်ယောက် ရွှေမှုံရတီအကြိုက် မုန့်လေးတွေကို ပတ်ဝယ်နေရတာကိုက သူ့အတွက် အပျော်တွေ ဖြစ်နေပုံပါပဲ။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ကိုကြည့်ပြီး အားကျနေကြပြီ ထင်ပါတယ်နော်။

Rowena
Source: Shwe Htoo’s fb, Ref&Crd:momolay.com

Comments are closed.