မွေးနေ့အမှတ်တရ ပရိသတ်တွေနဲ့အ တူတူ ရွှေတိဂုံစေတီမှာ ဆီမီးပူဇော် ခဲ့တဲ့ ခိုင်သင်းကြည်

မွေးနေ့အမှတ်တရ ပရိသတ်တွေနဲ့အ တူတူ ရွှေတိဂုံစေတီမှာ ဆီမီးပူဇော် ခဲ့တဲ့ ခိုင်သင်းကြည်


မနေ့က စက်တင်ဘာလ (၂၇) ရက်နေ့ကတော့ အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က မွေးနေ့မနက်ပိုင်းမှာတော့ ကောင်းမှုကုသိုလ်တွေ လုပ်ကိုင်ခဲ့ တာ ဖြစ်ပါတယ်။

ညပိုင်းမှာတော့ ခိုင်သင်းကြည်က သူမရဲ့ ချစ်ရတဲ့ ပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့အတူတူ ရွှေတိဂုံစေတီမှာ ဆီမီးကပ်လှူပူဇော်ခဲ့တာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ခိုင်သင်းြ ကည်ရဲ့ မွေးနေ့အမှတ်တရ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ခိုင်သင်းကြည်က အသက်တစ်နှစ်ပြီးတစ်နှစ် အသက်တွေကြီးလာပေမယ့် စိတ်ပျိုတာကြောင့် ဘယ်အချိန်ကြည့်ကြည့် လူငယ်လေးလို နုပျိုလန်းဆန်းနေတာပဲဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ သူမရဲ့ မွေးနေ့လေးကို ချစ်ခင်ရသူတွေနဲ့ ကုသိုလ်တွေလုပ်ရင်း ဖြတ်သန်း ခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Bella, Ref&Crd:momolay.com

Comments are closed.