

စကားပြောရင် သွက်သွက်လက်လက်နဲ့ ပရိသတ်တွေကို အလှအပနဲ့ ပတ်သတ်တဲ့ အကြံကောင်းလေးတွေ ဝေမျှပေးလေ့ရှိတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ အနုပညာမှာလည်း ပါရမီပါသူတစ်ဦးမို့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နေခြည်ဦးက နိုင်ငံတကာက နာမည်ကြီး အနုပညာရှင်တွေ တက်ရောက်ကြတဲ့ Paris Fashion Week သို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်လွန်းတဲ့ နေခြည်ဦးကိုတော့ နိုင်ငံခြား မီဒီယာတွေကလည်း အရမ်းကို စိတ်ဝင်စားနေကြတာလည်း တွေ့ရပါတယ်။ အသည်းအသန် ဓာတ်ပုံလိုက်ရိုက်တဲ့သူတွေရယ်၊ အင်တာလာဗျူးသူတွေရဲ့ကြားမှာ နေခြည်ဦးတစ်ယောက် အရမ်းတွေ အလုပ်ရှုပ်နေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် နိုင်ငံခြားက မီဒီယာတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ နေခြည်ဦးရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ အဆိုပါ ဗီဒီယိုတွေကို သူမရဲ့လူမှုကွန်ယက်မှာ ဂုဏ်ယူစွာနဲ့ တင်ထားတာပဲ ဖြစ်ပါတယ် ။ ဖော်ရွေလွန်းတဲ့ နေခြည်ဦးကို တော့ နိုင်ငံခြားက နာမည်ကြီး အနုပညာရှင် တွေ က တောင် အလွယ်တကူ မှတ်မိနေကြတာပါနော်။

ချီချီ့ကို စိတ်ဝင်စားကြတဲ့ အင်တာဗျူးတွေရော ကင်မရာမန်းတွေရော တန်းစီနေတာပဲ နော်…။

နိုင်ငံခြား မီဒီယာတွေရဲ့ အင်တာဗျူးကို တည်ငြိမ်စွာ ဖြေပေး နေတဲ့ နြေ ခည် ဦးရဲ့ ဗီဒီယို

အလုပ်တစ်ခုကို စတင်လိုက်ကတည်းက ပြင်းပြတဲ့စိတ်ဓါတ်နဲ့ ကြိုးစားမှုကို မလျှော့ပဲ ရှေ့ဆက်လာတဲ့ ချီချီကတော့ အခုဆိုရင် အောင်မြင်မှုတွေ များစွာကို ဆက်တိုက်ဆိုသလို ရရှိနေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့ ရင်ဘောင်တန်းပြီး သရုပ်ဆောင်နိုင်တဲ့ သူမကိုတော့ ချီလီလေးတွေက အကယ်ဒမီရ မင်းသမီးတစ်ဦးအနေနဲ့ မြင်ချင်နေကြပါပြီ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ပဲရစ်မှာ အရမ်းကိုအောင်မြင်နေတဲ့ နေခြည်ဦးလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nay Chi Oo’s Instagram , REf&Credit:momolay.com

Comments are closed.