မျက်ရည်တောက်တောက် ကျရသည်ဟု ပြောခဲ့ခြင်းမှာ တိုင်းပြည် စီးပွားပျက်မည် စိုးသဖြင့် စေတနာဖြင့် ပြောခဲ့ခြင်း ဖြစ်ကြောင်း ဇေကမ္ဘာဦးခင်ရွှေ ပြောကြား

မျက်ရည်တောက်တောက် ကျရသည်ဟု ပြောခဲ့ခြင်းမှာ တိုင်းပြည် စီးပွားပျက်မည် စိုးသဖြင့် စေတနာဖြင့် ပြောခဲ့ခြင်း ဖြစ်ကြောင်း ဇေကမ္ဘာဦးခင်ရွှေ ပြောကြား

မျက်ရည်တောက်တောက် ကျရသည်ဟု ပြောခဲ့ခြင်းမှာ တိုင်းပြည်စီးပွားပျက်မည်စိုးသဖြင့် စေတနာဖြင့် ပြောခဲ့ခြင်းဖြစ်ကြောင်း ဇေကမ္ဘာဦးခင်ရွှေက စက်တင်ဘာ ၂၈ ရက် တွင် ပြောကြားသည်။

သြဂုတ် ၂၂ရက်တွင် စီးပွားရေးလုပ်ငန်း ရှင်အချို့ပူးပေါင်း၍ မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များအသင်းဖွဲ့စည်းကြောင်း ကြေညာစဉ် မျက်ရည်တောက်တောက်ကျရသည် အထိ အခက်အခဲများရှိကြောင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဲဒါပြောတာဟာလည်း အန်ကယ့် Personal ကြောင့် မဟုတ်ဘူး။ နိုင်ငံအတိုင်းအတာနဲ့ နားထောင်ကြည့်လိုက်တဲ့အချိန်မှာ ဒါကြီးကတော့ ဒီလိုလုပ်မယ်ဆိုရင်တော့ အားလုံးက ဘဏ်တွေလည်းဒုက္ခ၊ ဘဏ်ပြိုရင်တော့ တိုင်းပြည်ပြိုတာပဲ။

နောက် စီးပွားရေးပြိုရင် တော့ ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေးကောင်းဖို့ အရေးကြီးတယ်။ စီးပွားရေးပျက်ရင် တိုင်းပြည်ပျက်တာပဲ။ ဒါကြောင့် စီးပွားရေးမပျက်အောင် အန်ကယ်က စေတနာလေးနဲ့ ဝိုင်းပြီးတော့ ပြောလိုက်တာပဲ။ ပြောလိုက်တာလည်း အဲဒီထဲမှာ အမှားတစ်ခုမှ မပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အန်ကယ်မျက်ရည်ကျတယ်ဆိုတာ ကိုယ့်ရဲ့ Personal ခံစားချက်လေးကိုပဲ အဲဒီနေ့မှာ ပြောတယ်” ဟုဦးခင်ရွှေက ပြောကြားသည်။

၎င်းမျက်ရည်ကျသည်ဆိုခြင်းမှာ စီးပွားရေးပျက်သဖြင့် မျက်ရည်ကျခြင်းမဟုတ် ကြောင်း၊ ၎င်းမှာ တောက်လျှောက်လှူဒါန်းနေပြီး လာမည့်ဒီဇင်ဘာတွင် ရှင်ငါးထောင်အလှူနှင့် ကျောင်းတော်ရာရှိ ဘုရား ၁၁၈ ဆူ ကို ထီးတင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

Comments are closed.