အားလုံးပဲ ထီပေါက်ကံကို ဆွတ်ခူးနိုင် ကြပါစေ ထီပေါက်စေသော သုံးဂါထာ

အားလုံးပဲ ထီပေါက်ကံကို ဆွတ်ခူးနိုင် ကြပါစေ ထီပေါက်စေသော သုံးဂါထာ

ထီပေါက်စေနိုင်သော နည်းလမ်းများမသိသူကျော်သွား သိသူဖော်စား

ယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး၏ သိဒ္ဓိအောင်ပုတီးစိပ်နည်း
(၁) သိဒ္ဓိ ဘဂဝါ အရဟံ ၊ဗုဒ္ဓေါ မေ သတ္တပါကာရံ ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
(၂) သိဒ္ဓိ ဘဂဝါ အရဟံ ၊ ဓမ္မော မေ သတ္တပါကာရံ ၊ဓမ္မံ သရဏံ ဂစ္ဆာမိ။
(၃) သိဒ္ဓိ ဘဂဝါ အရဟံ ၊ သံဃော မေ သတ္တပါကာရံ ၊သံဃံ သရဏံ ဂစ္ဆာမိ။

ဂါထာ(၃)ပုဒ်လုံးဆံှုးမှ ပုတီး (၁)လုံးချ (၉)ပတ် သက်စေ့(မိမိစွမ်းနိုင်သမျှ) (၉) ရက် ….(၄၅)ရက်စသည်ဖြင့် အဓိဋ္ဌာန်တင်နိုင်သည်။

အနက်(၁) အရဟံ- ပူဇော်မှုအထူးကို ခံယူတော်မူထိုက်သော, ဘဂဝါ – ဘုန်းတော်သခင် မြတ်စွာဘုရားရှင်သည် သိဒ္ဓိ – ကိစ္စပြုဖွယ် အသွယ်သွယ်နှင့်ကြီးငယ် ကောင်းကျိုး အမျိုးမျိုးကို ပြီးစေတော်မူနိုင်၏။ ဗုဒ္ဓေါ – မြတ်စွာဘုရားသည် မေ – တပည့်တော်၏ သတ္တပါကာရံ – ဝန်းရံပတ်ဝိုင်း တံတိုင်း(၇)ထပ် ကာလတ်သည့်အလား မမှားပုံသေ ဖြစ်တော်မူပါပေ၏။ဗုဒ္ဓံ – မြတ်စွာဘုရားကို သရဏံ- ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာ ဟူ၍ ဂစ္ဆာမိ – မှီဝဲဆည်းကပ် သိမှတ်ပါ၏။

(၂) အရဟံ – ပူဇော်မှုအထူးကို ခံယူတော်မူထိုက်သော ဘဂဝါ – ဘုန်းတော်သခင် မြတ်စွာဘုရားရှင်သည် သိဒ္ဓိ – ကိစ္စပြုဖွယ်အသွယ်သွယ်နှင့် ကြီးငယ်ကောင်းကျိုး အမျိုးမျိုးကို ပြီးစေတော်မူနိုင်၏။ ဓမ္မော – တရားတော်မြတ်သည် မေ – တပည့်တော်၏ သတ္တပါကာရံ – ဝန်းရံပတ်ဝိုင်း တံတိုင်း(၇)ထပ်ကာလတ်သည့်အလား မမှားပုံသေ ဖြစ်တော်မူပါပေ၏။ဓမ္မံ – တရားတော်မြတ်ကို သရဏံ – ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ဂစ္ဆာမိ – မှီဝဲဆည်းကပ်သိမှတ်ပါ၏။

(၃) အရဟံ -ပူဇော်မှုအထူးကို ခံယူတော်မူထိုက်သော ဘဂဝါ – ဘုန်းတော်သခင် မြတ်စွာဘုရားရှင်သည် သိဒ္ဓိ – ကိစ္စပြုဖွယ် အသွယ်သွယ်နှင့် ကြီးငယ်ကောင်းကျိုး အမျိုးမျိုးကို ပြီးစေတော်မူနိုင်၏။သံဃော- သံဃာတော်မြတ်သည် မေ – တပည့်တော်၏ သတ္တပါကာရံ -ဝန်းရံပတ်ဝိုင်း တံတိုင်း(၇)ထပ် ကာလတ်သည့်အလား မမှားပုံသေဖြ စ်တော်မူပါပေ၏။သံဃံ – သံဃာတော်မြတ်ကို သရဏံ – ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍ ဂစ္ဆာမိ – မှီဝဲဆည်းကပ်သိမှတ်ပါ၏။

(မိမိနိုင်သလောက် အဓိဋ္ဌာန်တင်ပြီး မပျက်မကွက် ကျင့်ကြံ ပုတီးစိပ် ပွားများနိုင်ပါက ကံတွေပွင့် ကံတွေမြင့်ပြီး သက်ရှည် ကျန်းမာ စီးပွားတိုး ထီတွေပေါက် ထီပေါက်သလို မမျှော်လင့်ဘဲ ငွေကြေးများ ရရှိဝင်စေနိုင်ပါသည်။)

ဒီပုတီးစိပ်ကို လူသိများပါတယ်။ ဒါပေမယ့် ဖော်ပြပါ အကျိုးထူးများ ရရှိနိုင်တယ်ဆိုတာ လူသိနည်းပါတယ်။စာအုပ်တော်တော်များများမှာလည်း မဖော်ပြထားပါဘူး။ ဆရာတော်တစ်ပါးက မိမိ တပည့် တကာများကို ချီးမြှင့်ပြီး လက်တွေ့စမ်းသပ်ပြီးမှ ဒီလိုအကျိုးထူးတွေရနိုင်ပါသည် ဆိုပြီး ဖော်ထုတ်ထားတာပါ ။

(၁) သစ်သီး ၃- မျိုး (၂) ပန်း ၃-မျိုး (၃) ဆွမ်း ၃-ပွဲ (၄) သောက်တော်ရေချမ်း ၃-ခွက် (၅) ဆီမီး ၃-တိုင် (၆) အမွှေးတိုင် ၃-တိုင် လှူဒါန်းပါ။

(ယုံကြည်သူများအဖို့)

အဓိဋ္ဌာန် မစမီ မြတ်စွာဘုရားအမှူးထား၍ သံဃာတော်ဆရာတော်ကြီးများ၊ သမ္မာဒေဝနတ်မြတ်နတ်ကောင်းများ၊အစောင့်အရှောက်ပုဂ္ဂိုလ်များ၊သာသနာစောင့်နတ်များအားတိုင်တည်ပါ။စိပ်ပြီးပါက လိုရာဆုကိုထပ်တောင်းပါ။အမျှဝေပါ ၊ မေတ္တာပို့ပါ။ယုံကြည်စွာအဓိဋ္ဌာန်ဖြင့်စိပ်ပါ ၊ကောင်းကျိုးအထူးရရှိပါလိမ့်မည်၊

အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာရှေးကျမ်းရင်းတစ်စော င်မှာ ဖော်ပြထားပြီး အစွမ်းထက်မြက်တဲ့ဲ ထီပေါက်ဂါထာဖြစ်ပါတယ်။ ဂါထာရဲ့ အဓိပ္ပါယ်အတိုချုပ်က…“ဗုဒ္ဓမြတ်စွာဘုရားရှိစဉ်က ကောဏ္ဍဝေန မထေရ်ကြီးသည်ပထမစာရေးတံမဲကို အမြဲတမ်း ပေါက်ခဲ့၏။ ထို့အတူ ကျွနု်ပ်သည်လည်းဤသို့ ဖြစ်ရပါစေသတည်း” ဟုဆိုထားပါတယ်။

ရှေးဟောင်းပေစာတစ်ခုထဲမှာလည်း ဒီဂါထာရဲ့ အစွမ်းကိုအထူးအစွမ်းထက်မြက်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။အခုဂါထာကို စေတနာရှေ့ထားလို့ဖော်ပြပေးလို က်ရပါတယ်။ဂါထာကို မဖော်ပြမီမှာအရင်ဆုံး ထီပေါက်ချင်တယ်ဆိုရင် သင်ဟာ . .သီလကို ဆောက်တည်ရပါလိမ့်မယ်။

ဂါထာမန္တန်တွေရဲ့ အစွမ်းဆိုတာရွတ်ဖတ်နိုင်မှုအစွမ်း၊ကိုယ့်ရဲ့ ကိုယ်ကျင့်တရား စိတ်စွမ်းအားတို့အပေါ်မှာမူတည်ပြီးအစွမ်းထက်မြက်မှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ပိုနိုင်၊ လျှော့နိုင်တာ ရှိပါတယ်။ဒီဂါထာကို သင်ဟာ ရွတ်ဖတ်ပြီး ထီပေါက်ချင်တယ်ဆိုရင်လိုက်နာရမယ့် အချက်တွေတော့ ရှိပါတယ်။ လွယ်လွယ်တော့ မရနိုင်ပါဘူး။

လိုက်နာရမယ့် ၃ ချက်က

  • ၁။ ဒီဂါထာကို တစ်နေ့အနည်းဆုံး {၁၀၈} လုံးပုတီးတစ်ပတ်ရအောင် စိပ်ရပါလိမ့်မယ်။နေ့စဉ် မပျက်မကွက် စိတ်ရမှာဖြစ်ပါတယ်။
  • ၂။ ပုတီးမစိပ်မှီမှာ ဘုရားရှေ့မှာ သီလကို ဦးဆုံး ဆောက်တည်ပါ။
  • ၃။ နောက်ဆုံးအချက်ကတော့ ဒီဂါထာကို နေ့စဉ်မှန်မှန် စိပ်သွားပြီး လစဉ် ထီထိုးပေးပါက {၆} လအတွင်း ထီပေါက်နိုင်ပါတယ်။

ထီပေါက်ဂါထာ

  • “ဧတဒဂ္ဂံ ဘိက္ခေ၀ မမသာဝကာနံ၊
  • ဘိက္ခူ နံ ပဌမံ သလာကံ ဂဏှာာန္တာနံ။
  • ယဒိဒံ ကုဏ္ဍဓါနော၊
  • ဧတေနံသစ္စဝဇ္ဇေန တထာမေဟောတု သဗ္ဗဒါ။

အနက်အဓိပ္ပယ်ဖွင့်ဆိုချက်

  • ိက္ခဝေ၊ ရဟန်းတို့။ ဧတံ၊ ဤကုဏ္ဍဓါန သည်။ မမ၊ ငါဘုရား၏။ သာဝကာနံ၊ သာဝကဖြစ်ကုန်သော။ ဘိက္ခုနံ၊ ရဟန်းတို့တွင်။ ပဌမံ၊ ရှေးဦးစွာ။ သလာကံ၊ စာရေးတံဆုကို။ ဂဏှန္တာနံ၊ ရေတွက်ခြင်းတို့တွင်။ ယဒိဒံယံသော အယံကုဏ္ ဍဓါနော၊အကြင်အရှင်ကုဏ္ဍဓါန မထေရ်သည်။

အဂ္ဂံအဂ္ဂေါ၊ အမြတ်ဆုံး ဖြစ်တော်မူ၏။ ဧတေန သစ္စဝဇ္ဖေန၊ ဤသို့ဟုတ်မှန်မဖေါက် ပြန်သော စကားကိုဆိုရခြင်းကြောင့်။ မေ၊ အကျွန်ုပ်အား။တထာ၊ ထိုကုဏ္ဍဓါန မထေရ်အလားတူ။သဗ္ဗဒါ၊ အခါခပ်သိမ်း။(သောတ္ထိ ံ၊ ချမ်းသာခြင်းသည်)ဟောတု၊ ဖြစ်ပါစေသတည်း

ဖော်ပြပါဂါထာတော်ကို နံနက် {၉} ခေါက်၊ ည {၉} ခေါက်ရွတ်ပါက ထီပေါက်ခြင်း၊ ဝင်ငွေကောင်းခြင်း၊ ထူးချွန်ဆုများရရှိခြင်းအကျိုးကျေးဇူးများကို ခံစားရလိမ့်မည်။

တစ်နည်းထီပေါက်ဂါထာ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ဓမ္မံ သရဏံ ဂစ္ဆာမိ ၊သံဃံ သရဏံ ဂစ္ဆာမိ
ဧတဒဂ္ဂံ ဘိက္ခ ဝေ မမ ၊သာဝကာနံ ဘိက္ခူနံ ၊ပထမံ သလာကံ ဂဏှန္တာနံ
ယဒိဒံ ကုဏ္ဍဓါနံ ၊ဧတေန သစ္စဝဇ္ဇေန တထာ မေ ၊ဟောတု သမ္ဗဒါ ။

အသံထွက်

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊သံဃံ သရဏံ ဂစ္ဆာမိ ၊အေတဒတ်ဂံ ဘိက်ခေ၀ မမ ၊ သာဝကာနံ ဘိက်ခူနံ၊ပထမံ သလာကံ ဂနန် တာနံံ ၊ယဒိဒံ ဂုဏ်တ ဓာနံ ၊အေတေန သစ်စဝတ်ဇေန တထာ မေ ၊ဟောတု သမ်ဗဒါ ။

အဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓဘာသာ ဂါထာ တစ်ပုဒ်ပါ။အားလုံးပဲ ထီပေါက်ကံကို ဆွတ်ခူးနိုင်ကြ ပါစေ။သိန်းဆုတွေ ပေါက်ကြပါစေ။

Comments are closed.