ဓာတ်ပုံဆရာတစ်ဦး ထုတ်ပြောလိုက်တဲ့ လက်တွေ့ဘဝထဲက မင်းသမီး သင်ဇာဝင့်ကျော်ရဲ့အကြောင်း

ဓာတ်ပုံဆရာတစ်ဦး ထုတ်ပြောလိုက်တဲ့ လက်တွေ့ဘဝထဲက မင်းသမီး သင်ဇာဝင့်ကျော်ရဲ့အကြောင်း

ပရိသတ်တွေအရမ်းချစ်ကြတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမကိုယ်သူမ အမြဲ ယုံကြည်မှုရှိပြီး တက်ကြွလန်းဆန်းနေတတ်ပြီး စိတ်ထားလည်း ကောင်းလွန်းသူလေး တစ်ဦးပါ။ လတ်တလောမှာတော့ ဓာတ်ပုံဆရာတစ်ဦးက ဖန်သားပြင် အပြင်ဘက်က သင်ဇာဝင့်ကျော်ရဲ့အကြောင်းတစ်ခုကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ အဆိုပါဓာတ်ပုံဆရာ ပြောပြတဲ့ ပုံစံအရဆိုရင်တော့ သင်ဇာဝင့်ကျော်က ဘာသာတရားလည်း ကိုင်းရှိုင်းပြီး နူးညံ့သိမ်မွေ့တဲ့သူတစ်ဦးဆိုတာ သိနိုင်ပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဓာတ်ပုံဆရာ နေမင်းထွန်းက ချစ်လွန်းလို့ဆိုပြီး အနောက်ကနေ ခိုးရိုက်ထားတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဓာတ်ပုံဆရာ နေမင်းထွန်းကတော့ “သင်ဇာ့ကို ချစ်တာ အ့ကြောင့်လဲပါတယ် သင်ဇာနဲ့ ကိုနေ ခရီးတွေ သွားခဲ့တာ မနည်းတော့ဘူး ကိုနေကြည့်နေတာ ခရီးတခုမသွားခင်ဘဲ ဖြစ်ဖြစ် အပြန်ခရီးဖြစ်ဖြစ် သူလေးနဲ့ အမြဲတမ်းခရီးအတူသွားတိုင်း ခုလိုတွေ ဘုရားစာတွေကို အမြဲ သူရွတ်ဖတ်နေတတ်တယ်ခုတော့ ကိုနေ ချစ်လွန်းလို့ ဒီ videoလေးကို တင်လိုက်ပါတယ် သင်ဇာ့ရဲ့ အချစ်တော်တွေလဲ သူမ ခရီးတခုသွားတိုင်း စိတ်ပူနေတဲ့ သူတွေလဲ ရှိမှာဘဲ စိတ်မပူပါနဲ့လို့” ဆိုပြီး သင်ဇာ့ကို အချစ်ပိုလွန်းစွာ ထုတ်ပြောထားတာပါ။

ဘေးနားက ဓာတ်ပုံဆရာတောင် အချစ်ပိုခဲ့ရတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပင်ကိုယ်နေထိုင်မှုပုံစံ

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမချစ်ရတဲ့ အနုပညာအလုပ်တွေလုပ်ရင်း၊ မိသားစုကို အထောက်အပံ့ပေးနေတဲ့ သမီးလိမ္မာလေးတစ်ဦးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ သင်ဇာလေးကတော့ လက်ရှိမှာလည်း “မြမြ” ရုပ်ရှင်ကို ရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အပြင်မှာ အရမ်းကို သိမ်မွေ့နူးညံ့ပြီး ဘာသာတရား ကိုင်းရှိုင်းသူလေး သင်ဇာ့ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nay Min Tun’s Facebook, Ref&Credit:momolay.com

Comments are closed.