90s Born တွေရဲ့ ငယ်ဘဝကိုလှပေ စခဲ့ဖူးတဲ့ Mr.Bean မင်းသားကြီးရဲ့ လက်ရှိပုံရိပ်

90s Born တွေရဲ့ ငယ်ဘဝကိုလှပေ စခဲ့ဖူးတဲ့ Mr.Bean မင်းသားကြီးရဲ့ လက်ရှိပုံရိပ်

တကယ်လို့ သင်ဟာ ၁၉၉၀ ခုနှစ်ပတ်ဝန်းကျင်မှာ မွေးဖွားခဲ့သူတစ်ယောက်ဖြစ်တယ် ဆိုရ င်ေ တာ့ ဆိုရှယ်မီဒီယာတွေ ခေတ်မစားသေးတဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရတွေနဲ့ ငယ်ဘ၀ ကို ဖြတ်သန်းခဲ့ဖူးမှာပါ။ ဒီလိုမျိုး ပျော်စရာကောင်း၊ အမှတ်ရစရာကောင်းတဲ့ ငယ်ဘ၀ အမှတ် တရေ တွထဲမှာ လူကြီး၊ လူငယ်မရွေးကြိုက်နှစ်သက်ပြီး ချစ်ခင်ရတဲ့ အနုပညာ ရှင် ပုဂ္ဂိုလ်ြ ကီးတစ်ယောက်လည်း ပါဝင်ခဲ့ဖူးပါတယ်။

သူကတော့ မစ္စတာဘင်း(န်) လို့ ပရိသတ်တွေ သိကြတဲ့ ဟာသမင်းသားကြီး Rowan Atkinson ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်တဲ့ Rowan Atkinson ဟာ ဗြိတိန်ဟာသဇာတ်လမ်းတွဲဖြစ်တဲ့ Mr.Bean မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် တစ်ကမ္ဘာလုံး က ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တာဖြစ်ကာ အင်္ဂလန်နိုင်ငံရဲ့ အရယ် ရ ဆုံးဟာသသရုပ်ဆောင်အယောက် (၅၀) စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

၁၉၉၀ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ထို Mr.Bean ဟာသဇာတ်လမ်းတွဲကို ပါဝင် သရုပ်ေ ဆာင် ခဲ့တဲ့ မင်းသားကြီးဟာ အဲဒီနောက်ပိုင်းမှာတော့ ဇာတ်ကားတွေများစွာမှာ ဇာတ်ကောင် အသစ်တွေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့သော်ငြားလည်း ပရိသတ်တွေကတော့ သူ့ကို မစ္စတာ ဘင်း(န်) ဆိုတဲ့ ဇာတ်ကောင်နဲ့ပဲ မြင်ယောင်နေခဲ့ကြပါတယ်။

အဲဒါကြောင့် ၁၉၉၇ ခုနှစ်မှာတော့ ထိုဇာတ်လမ်းတွဲကို Bean ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်အသွင်ပြောင်းပြီးရိုက်ကူးခဲ့ကာ နောက် ၁၀ နှစ်အကြာ ၂၀၀၇ ခုနှစ်မှာတော့ Mr. Bean’s Holiday ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တခြားသော အက်ရှင်ဟာသရုပ်ရှင်ကားတွေများစွာမှာ ပါဝင်သရု ပ်ဆောင် ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ သူ့အနေနဲ့ မစ္စတာဘင်း(န်)အဖြစ်ကနေ အနားယူပြီဖြ စ်တယ်ဆိုတာကို ကြေညာခဲ့ပါတယ်။

ဒါပေမယ့်သူအနားယူတယ်ဆိုတာဟာ မစ္စတာဘင်း(န်)အဖြစ်နဲ့ ဇာတ်ကားတွေ ရိုက်ကူးခြင်း ကိုသာ အနားယူလိုက်တာဖြစ်ပြီး မစ္စတာဘင်း(န်)ဇာတ်ကောင်အနေနဲ့ကတော့ ဘယ်တော့မှအနားယူမှာမဟုတ်ဘူးဆိုတာကို ၂၀၁၆ ခုနှစ်မှာ အသိပေးခဲ့ပါတယ်။

ဒီလိုမျိုး အသိပေးခဲ့ပြီးနောက်မှာ မစ္စတာဘင်း(န်) ဇာတ်ကောင်အဖြစ်နဲ့ ကြော်ငြာတွေရိုက်ကူး၊ ပွဲတွေတက်ရောက်ပေးခဲ့ကာ သူ ချစ်မြတ်နိုးရတဲ့ ဇာတ်ကောင်နဲ့ပတ်သတ်ပြီး တချို့သောဇာတ်ကားတွေမှာတော့ အလျဉ်းသင့်သလိုပါဝင်ရိုက်ကူးခဲ့ပါတယ်။

သူ သေတဲ့အထိ မစ္စတာဘင်း(န်) ဇာတ်ကောင်ကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ကြေညာထားတဲ့ မင်းသားကြီး Rowan Atkinson ဟာ တီဗီွံဇာတ်လမ်းထဲမှာတော့ တလွဲတွေလုပ်ပြီး ဟာသြေ မာ က်တယ်ဆိုပေမယ့်လည်း အပြင်လက်တွေ့ဘဝမှာတော့ အနေအေးသူ၊ စကားနည်းသူ၊ လျှို့ဝှက်သိုသိပ်လွန်းသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ငွေကြေးချမ်း သာမှုဘယ်လောက်ရှိတယ်ဆိုတာဟာလည်း ခန့်မှန်းလို့မရဘူးလို့ ဆိုထားကြပါတယ်။

အိမ်ထောင်ရေးအနေနဲ့ကတော့ အိမ်ထောင် ၂ ဆက်ကျဖူးသူြုဖစ်ပြီး ကလေးကတော့ ၃ ယောက်ထွန်းကားထားကာ ဒီလိုမျိုးအကြောင်းအရာတွေကိုလည်း သူကိုယ်တိုင်ထုတ်ေြ ပာပြတဲ့အချိန်ကျတော့မှသာ သိကြရတာဖြစ်ပါတယ်။

၁၉၅၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မင်းသားကြီးဟာ အခုဆိုရင်တော့ အသက် ၆၄ နှစ်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့်လည်း သက်ကြီးပိုင်းအရွယ်ရောက်ရှိသည်အထိတိုင်အောင် တခြားသောဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေသလို သူ ချစ်မြတ်နိုးတဲ့ ကာရိုက်တာ ကိုလည်း အခါအခွင့်သင့်ရင်သင့်သလိုမျိုး ပါဝင်သရုပ်ဆောင်နေဆဲဖြစ်ပါတယ်။

Ref : Wiki
Mia (Momolay) , Reference&Credit:momolay.com

Comments are closed.