အမှုဖွင့်တရားစွဲခံရလည်း အမှန် တရား အတွက် နောက်မဆုတ်ဟု ဒေါ်စုဒါလီအောင် ပြော

အမှုဖွင့်တရားစွဲခံရလည်း အမှန် တရား အတွက် နောက်မဆုတ်ဟု ဒေါ်စုဒါလီအောင် ပြော

နေပြည်တော်၊ စက်တင်ဘာ ၂၅ – ဗစ်တိုး ရီးယားအမှုမှာ မီဒီယာတွေကို ပြောဆိုတဲ့အချက်တချို့နဲ့ ပတ် သက်ပြီး အမှုဖွင့် တရားစွဲခံထား ရပေမဲ့လည်း ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး နောက်ဆုတ်သွား မှာမဟုတ်ဘူးလို့ အောင်ကြီးရဲ့ရှေ့ နေ ဒေါ်စုဒါလီအောင်က ပြောပါ တယ်။

ဒေါ်စုဒါလီအောင်က “ဗစ်တိုး ရီးယားအမှုကို လိုက်ရင်းနဲ့ ကျွန်မ က ဒီပြဿနာပေါ်လာတာလေ၊ ဒါပေမဲ့ ဗစ်တိုးရီယားအမှုနဲ့ပတ် သက်ပြီး ကျွန်မနောက်ဆုတ်ဖို့ လုံးဝမရှိပါဘူး၊ ပြီးဆုံးအောင် ဆက်လုပ်မှာရှင့်၊ ကျွန်မတို့ရဲ့ရည် ရွယ်ထားတဲ့ပန်းတိုင်အတိုင်းပဲ ရောက်အောင်သွားမယ်”လို့ ပြော ပါတယ်။

ဗစ်တိုးရီးယားအမှု ရုံးချိန်း တစ်ခုမှာ ဒေါ်စုဒါလီအောင်က မီဒီ ယာတွေကိုပြောဆိုချက်တချို့က မိသားစုဂုဏ်သိက္ခာညှိုးနွမ်းစေပြီး ကလေးသူငယ်အပေါ် ထိခိုက်နစ် နာစေတဲ့အတွက် Wisdom Hill ကျောင်း၊ ကျောင်းကြီးကြပ်ရေး မှူး ဒေါ်ဥမ္မာလှိုင်က ပုဗ္ဗသီရိမြို့ နယ်ရှိ ပတ္တာရဲစခန်းမှာ အမှုဖွင့် ထားတာဖြစ်ပါတယ်။

နိုင်ငံသားများရဲ့လွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာ အကွယ်ပေးရေး(နိုင်လွတ်လုံ) ဥပ ဒေ၊ ကလေးသူငယ်များအခွင့်အ ရေးဆိုင်ရာဥပဒေတို့နဲ့ အမှုဖွင့်ခဲ့ တာ ဖြစ်ပါတယ်။ဒါပေမဲ့ နိုင်လွတ်လုံနဲ့ အမှုဖွင့် ထားတာကတော့ ရဲစခန်းက ဥပ ဒေနဲ့ မညီဘူးလို့ဆိုကာ ပယ်ချ လိုက်ပါတယ်။ကလေးသူငယ်ဆိုင်ရာပုဒ်မ မှာတော့ မူလစွဲဆိုခဲ့တဲ့ပုဒ်မ ၁၀၃ (က)ကို တရားရုံးတော်က လက် မခံဘဲ ၁၀၁ (က-၂) ပုဒ်မနဲ့တော့ အမှုဖွင့်လက်ခံထားတယ်လို့ ဒေါ် စုဒါလီအောင်က ပြောပါတယ်။

ဒေါ်စုဒါလီအောင် တရားစွဲ ဆိုခံထားရတဲ့ ပုဒ်မ ၁၀၁ (က-၂) ကတော့ ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် လေးလကနေ တစ် နှစ်အထိ ချခံရနိုင်သလို ငွေဒဏ် လည်း ချမှတ်ခံရနိုင်တယ်လို့ သိရ ပါတယ်။ဒေါ်စုဒါလီအောင်က “ တရား စွဲဆိုထားတာနဲ့ပတ်သက်ပြီး အခု တရားရုံးမှာ အာမခံလုပ်ခဲ့ရတယ် ရှင့်၊ အာမခံက ကျပ်သိန်း ၁ဝဝ နဲ့ လူနှစ်ဦးသတ်မှတ်ပြီးတော့ ခံဝန် ပေးရတယ်”လို့ ပြောပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ ပတ် သက်ပြီး တရားစွဲဆိုခံရသလို အခြားဖိအားပေးတာတွေလည်း ရှိ တယ်လို့ ဒေါ်စုဒါလီအောင်က ပြောပါတယ်။ သူ့အနေနဲ့ ဘီဘီစီ သတင်းဌာနကို အင်တာဗျူးဖြေ ဆိုခဲ့တာတွေကလည်း တရားခွင် မှာ ဗစ်တိုးရီးယားလေးရဲ့ဖခင် ပြောကြားချက်တွေအတိုင်းသာ ပြန်လည်ဖြေဆိုခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။ ဒေါ်စုဒါလီအောင်က “ ကျွန်မ ကနေ ပိုပြောတဲ့စကား တစ်ခွန်းမှ မရှိဘူးရှင့်၊ ဒါကို တရားစွဲခံရတာ ပါ”လို့ ပြောပါတယ်။

ဗစ်တိုးရီးယားအမှုမှာ သံသ ယ တရားခံအောင်ကြီးဘက်ကနေ ရှေ့နေအဖြစ် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စု ဒါလီအောင်၊ ဦးနေတူးနဲ့ အထက် တန်းရှေ့နေ ဦးသဲမောင်မောင်တို့ က လိုက်ပါဆောင်ရွက်ပေးနေ တာဖြစ်ပါတယ်။လက်ရှိမှာ ဗစ်တိုးရီးယားအမှု ဟာ ခုနစ်ကြိမ်မြောက် ရုံးချိန်းအ ထိ ပြီးစီးပြီဖြစ်ပါတယ်။ ကလေးရဲ့ ဖခင်၊ မိခင်၊ အဘွား၊ ဗစ်တိုးရီး ယားလေးနဲ့ ရပ်ကွက်လူကြီး နှစ်ဦး ကို စစ်ဆေးမေးမြန်းပြီးပြီဖြစ်ပါ တယ်။

Comments are closed.