Discount ရလို့ အလှပြင်ခါမှ ပိုဆိုးသွားတဲ့ ကောင်မလေး

Discount ရလို့ အလှပြင်ခါမှ ပိုဆိုးသွားတဲ့ ကောင်မလေး

ပြုပြင်တာတွေ ခေတ်စားနေတဲ့ ခေတ်ကြီးမှာ နှာခေါင်းလှအောင် ကိုယ့်ကိုယ်ကို ဂရုစိုက် တဲ့ အမျိုးသမီးတွေအတွက် ဒီကိစ္စက သတိထားစရာပါပဲ။ တရုတ်နိုင်ငံက ဆယ်ကျော်သ က်လေးတစ်ယောက်ရဲ့ အဖြစ်မှားလိုမျိုး မကြုံရအေအောင် စေတနာရှေ့ ထားဖော်ပြ ပေးလိုက်ပါတယ်။

အသက် (၁၉)နှစ်ပဲရှိသေးတဲ့ မျိုးရိုးနာမည် Chen နဲ့ ကောင်မလေးဟာ တစ်ရက်မှာ နှာခေါင်းပြင်ဖို့ကို အကြံရခဲ့ပါတယ်။ အလယ်မှာ အထစ်လေးဖြစ်နေတဲ့သူ့နှာခေါင်းကို ဖြောင့်ချင်တဲ့အတွက် ပြင်ဖို့ ဆုံးဖြတ်လိုက်ပြီး ဆိုင်မှာ ဈေးစုံစမ်းလိုက်ချိန်မှာ ဒစ္စကော င့်ချထားတာနဲ့ သွားကြုံပါတယ်၊ ယွမ် (၁၉၅၆၀)ဈေးပုံမှန်ကို ကောင်မလေး အလှည့်မှ ယွမ် (၉၈၀)တည်းနဲ့ ဈေးချပေးခဲ့ပါတယ်။

နှစ်ခါစဉ်းစားမနေတော့တဲ့ Chen ဟာ ပြင်ဖို့ကို ဆုံးဖြတ်လိုက်တာပါ။ သူတို့က နှာခေါင်းထဲကို hyaluronic လို့ခေါ်တဲ့ အက်ဆစ်တွေ အရင်ထိုးသွင်းခဲ့ပြီး၊ အဲဒီအရာက နှာခေါင်းကို လိုသလို ပုံဖော်ဖို့ကို အေထာက်အကူပြုတယ်လို့ဆိုပါတယ်။ အချိန်အများကြီး သိပ်မပေးရဘဲ ခဏလေးပဲကြာတယ်လို့ ဆိုပါတယ်။

နောက်တော့ မျက်လုံးဖွင့်လို့ရပြီဆိုကာ ဖွင့်ခိုင်းလိုက်ချိန်မှာတော့ ပြဿနာတက်ခဲ့ပါတယ်။ မျက်လုံးတစ်လုံးဟာ လုံးလုံးမမြင်ရဖြစ်နေသလို တစ်ကိုယ်လုံးဟာ ခြေလက်မသန်တဲ့ လူတစ်ယောက်လိုဖြစ်နေပါတယ်။ ဆေးရုံကိုချက်ချင်းသွားပြခဲ့ချိန်မှာ သွေးကမျက်လုံး ထဲကို စီးတာကျဉ်းနေပြီဖြစ်လို့ အချိန်မီသာမရောက်ခဲ့ရင် အသက် ဆုံးရှုံးရဖို့ နည်းနည်းပဲ လိုပါတယ်။

နောက်တော့ မမြင်ရတဲ့မျက်လုံးဟာ ကန်းသွားခဲ့ပြီဖြစ်သလို အဆိုပါအက်ဆစ်ထိုးသွင်းမှုက ဒုက္ခပေးခဲ့တယ်လို့ သိရပါတယ်။ China Press ရဲ့ ဖော်ပြချက်မှာတော့ ဆေးရဲ့အရှိန်က သွေးလွှတ်ကြောကို ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။ Apannpyay ပရိသတ်ကြီးနား လည်မှုလွဲအောင် မဖော်ပြထားတဲ့အချက်က ဆိုင်ဟာ တရားဝင်လိုင်စင်နဲ့ ဟုတ်မဟု တ်ဆိုတာပါပဲ။

နေရာကိုတော့ Chongqing မှာရှိတဲ့ အလှပြင်ဆိုင်တစ်ဆိုင်မှာ Emay မိသားစုကတ်နဲ့ ဒစ္စကောင့်ဝင်သုံးခဲ့တယ်လို့ အတိအကျဖော်ပြထားပါတယ်။ စိတ်မကောင်းစရာပါပဲ။

Comments are closed.